TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 11:41

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ဧဖရိမ် အမျိုးသည် ငြူစူ သောစိတ်ငြိမ်း လိမ့်မည်။ ရန်ပြု တတ်သော ယုဒ အမျိုးသားတို့သည်လည်း ၊ ရန်ပြေ ကြလိမ့်မည်။ ဧဖရိမ် အမျိုးသည် ယုဒ အမျိုးကို မ ငြူစူ ရ။ ယုဒ အမျိုးလည်း ဧဖရိမ် အမျိုးကို ရန် မ ပြုရ။

အဲဂုတ္တု လူ၊ ယုဒ လူ၊ ဧဒုံ လူ၊ အမ္မုန် အမျိုးသား ၊ မောဘ အမျိုးသား၊ ပါးမုန်း ကိုရိတ် တတ်သော လူမျိုး၊ တော ၌ နေ သောသူအပေါင်း တို့ကို ငါဆုံးမ ရသော အချိန် ကာလ ရောက် လိမ့်မည်။ တပါးအမျိုးသား အပေါင်း တို့သည် အရေဖျား လှီးခြင်းကို မခံသောသူဖြစ်ကြ၏။ ဣသရေလ အမျိုးသား အပေါင်း တို့သည်လည်း ၊ စိတ်နှလုံး အားဖြင့်အရေဖျား လှီးခြင်းကို မခံသောသူဖြစ်ကြ၏။

သို့သော်လည်း ၊ သိမ်းသွား ခြင်းကိုခံရသောအမ္မုန် အမျိုးသား တို့ကို နောက် တဖန်ငါဆောင် ခဲ့ဦးမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

ထိုချိုလေးချောင်းတွင် တချောင်း ထဲက အခြား သောချိုတက် တချောင်းပေါက် ပြန်၍ တောင် မျက်နှာသို့ ၎င်း ၊ အရှေ့ မျက်နှာသို့ ၎င်း ၊ သာယာ သော ပြည်သို့ ၎င်း မျက်နှာပြု၍၊ အလွန် ကြီးမားခြင်းသို့ ရောက်လေ၏။

ပင်လယ် ကြား မှာ ဘုန်း ကြီး၍ သန့်ရှင်း သော တောင် ပေါ်၌ စံရာ တဲ တော်ကို တည်ဆောက်ပြီးလျှင်၊ အဘယ်သူမျှမစ ခြင်းငှါမ တတ်နိုင်၍ ဆုံးရှုံးခြင်းသို့ ရောက် လိမ့်မည်။