TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 12:13

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ထိုကြောင့် တရား ဆုံးဖြတ်တော်မူရာကာလ၌ ၊ မတရား သောသူတို့သည် မ တည် မနေရကြ။ ဖြောင့်မတ် သောသူတို့ ၏အပေါင်း အသင်းထဲသို့ လူဆိုး တို့သည် မဝင်ရကြ။

ငါ့ဝိညာဉ်သည်လည်း ရွှင်လန်း ခြင်းရှိ၏။ ထို မှတပါး၊ ငါ့ အသား သည် မြော်လင့် လျက် ကျိန်းဝပ် လိမ့်မည်။

ပညာ ရှိသောသူတို့ သည်လည်း၊ ကောင်းကင် မျက်နှာကြက်၏ အရောင် အဝါကဲ့သို့ ၎င်း ၊ လူအများ တို့ကို ဖြောင့်မတ် ခြင်းတရားလမ်းထဲသို့ သွင်းသောသူတို့ သည်လည်း၊ ကြယ် များကဲ့သို့ ၎င်း အစဉ် အမြဲထွန်းလင်း ကြလိမ့်မည်။

¶ ယေရှု က၊ ငါအမှန် ဆို သည်ကား၊ အလုံးစုံသောအရာတို့ကို အသစ် ပြုပြင်သောကာလ၌ လူ သား သည် ဘုန်း ရှိသော ပလ္လင် တော်ပေါ်မှာ ထိုင် တော်မူသောအခါ ၊ ငါ့ နောက်သို့လိုက် ကြသောသင် တို့သည် တစ်ဆယ့်နှစ် ခု သော ပလ္လင် ပေါ်မှာ ထိုင် လျက်၊ ဣသရေလ လူတစ်ဆယ့်နှစ် မျိုး ကို စစ်ကြော စီရင်ရကြလတံ့။

ထို့ကြောင့်သင်တို့သည် ဖြစ် လတံ့သော အမှုအရာ တို့နှင့် ကင်းလွတ် ၍ လူ သား ထံသို့ ရောက် ခြင်းကို ခံထိုက် သောသူ ဖြစ်သည်ဟု မှတ် တော်မူမည်အကြောင်း ၊ အစဉ် ဆုတောင်း လျက်စောင့်နေကြလော့ ဟု မိန့်တော်မူ၏။

ဘုရားသခင် ကို မ သိ သောသူ ၊ ငါ တို့သခင် ယေရှု ခရစ်၏ ဧဝံဂေလိ တရားကို နား မ ထောင်သောသူ တို့ကို မီး လျှံ အားဖြင့် ဒဏ် ပေး တော်မူသောအခါ၊ သင် တို့ကို ဆင်းရဲ စေဘူးသော သူ တို့၌ဆင်းရဲ ခြင်းကို၎င်း၊ ဆင်းရဲ ခံရဘူးသော သင် တို့၌ ငါ တို့နှင့်အတူ ချမ်းသာ ခြင်းကို၎င်း၊

အာဒံ မှ ဆင်းသက်၍ ခုနှစ် ဆက်မြောက်သောသူ ဧနောက် က၊ ထာဝရ ဘုရားသည် ခပ်သိမ်း သော သူ တို့ကို တရား စီရင်တော်မူ၍ ၊ မတရား သောသူတို့သည် မတရား သဖြင့် ပြုသောအဓမ္မအမှု ရှိသမျှ တို့၏ အပြစ်ကို၎င်း၊ မတရား သောလူဆိုး တို့သည် ဘုရားသခင် ကို ပြစ်မှား ၍ ပြော သောကြမ်းတမ်း သော စကား ရှိသမျှ တို့၏ အပြစ် ကိုဖော်ပြ ခြင်းငှာ၊