ဘုရားသခင် သည် မူလအမြစ်ဖြစ်၍၊ အမှု တော်သည် စုံလင် ပေ၏။ စီရင် တော်မူသမျှ တို့သည် တရား နှင့် ညီလျက်၊ သစ္စာ စောင့်သောဘုရား ၊ အပြစ် ကင်းလွတ် ၍ ဟုတ်မှန် ဖြောင့်မတ် သော ဘုရားဖြစ်တော်မူ၏။
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 4:34
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
ထိုအခါ ဒါဝိဒ် က၊ အကျွန်ုပ် တို့အဘ ဣသရေလ ၏ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော်သည် ကမ္ဘာ အဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း။
အဝတ် မပါဘဲ အမိဝမ်းထဲ သို့ ပြန် သွားတော့မည်။ ထာဝရဘုရား ပေး တော်မူ၏။ ထာဝရဘုရား လည်း ရုပ်သိမ်း တော်မူ၏။ ထာဝရဘုရား ၏ နာမ တော်သည် မင်္ဂလာ ရှိပါစေသတည်းဟု ဆို လေ၏။
ကိုယ်တော် ကို အမှီပြု ၍ ဝမ်းသာ ရွှင်လန်း ပါမည်။ နာမတော် ကို ထောမနာသီချင်း ဆိုပါမည်၊ အမြင့်ဆုံး သောဘုရား။
ကျေးဇူး ချီးမွမ်းခြင်း ယဇ်ကိုဘုရား သခင်အား ပူဇော် လော့။ သစ္စာ ဂတိထားသည်အတိုင်း ၊ အမြင့်ဆုံး သောအရာ၌ သစ္စာဝတ်ကိုဖြေ လော့။
¶ အို ဘုရား ရှင်၊ ကိုယ်တော် သည် ကာလ အစဉ် အဆက် အကျွန်ုပ် တို့ ခိုလှုံ ရာ ဖြစ် တော်မူ၏။
ငါလျှောက် သော အချက်ဟူမူကား၊ အို အကျွန်ုပ် ၏ဘုရား ၊ အကျွန်ုပ် ကို အသက် ပျို စဉ် ပင် ပယ်ရှင်း တော် မ မူပါနှင့်။ ကိုယ်တော် ၏ နှစ် တို့သည် ကာလ အစဉ် အဆက်မြဲကြပါ၏။
လူသား တို့၌ ပြုတော်မူသောကရုဏာ နှင့် အံ့ဘွယ် သော အမှုတော်တို့ကိုထောက် ၍၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြစေ။
ကျေးဇူး တော် ဝန်ခံရာယဇ် ကို ပူဇော် ၍ ၊ ရွှင်လန်း သော အသံနှင့်တကွ အမှုတော် တို့ကို ကြား ပြော ကြစေ။
လက် တော်နှင့်ပြုသောအမှု တို့သည် သစ္စာ နှင့် ၎င်း၊ တရား နှင့်၎င်း ယှဉ်ကြ၏။ ပညတ် တော် အလုံးစုံ တို့သည် ဖေါက်ပြန် ခြင်းသဘောနှင့် ကင်းလွတ်ကြ၏။
¶ ကောင်းကင် ဘုံ၌ ကျိန်းဝပ် တော်မူ သောဘုရား၊ ကိုယ်တော် ကို အကျွန်ုပ် မျှော် ကြည့် ပါ၏။
ကိုယ်တော် ၏နိုင်ငံ သည် နိစ္စ ထာဝရနိုင်ငံ ဖြစ်၍ ၊ အာဏာ တော် သည်ကာလ အစဉ်အဆက် တည်ရပါ၏။ ထာဝရဘုရား သည် လဲ သောသူရှိသမျှ တို့ကို ထောက်မ တော်မူ၏။
ထို ကာလ ၌ လူ တို့၏မော် သော မျက်နှာ ကို နှိမ့် ရမည်။ လူ တို့၏မာနကိုလည်း ရှုတ်ချ ရမည်။ ထာဝရဘုရား တပါးတည်း သာချီးမြှောက် ခြင်းသို့ ရောက်တော်မူလိမ့်မည်။
ထိုလောကီ နိုင်ငံ၏ အပြစ် ကို၎င်း ၊ မတရား သောသူတို့ ၏ ဒုစရိုက် များကို၎င်းငါစစ်ကြော မည်။ မာန ကြီး သောသူတို့၏ ထောင်လွှားခြင်းကို ငါနှိပ်စက် ၍၊ ကြမ်းကြုတ် သောသူတို့၏ စော်ကား ခြင်းကို ငါနှိမ့်ချ မည်။
ထာဝရဘုရား မူကား ၊ မှန် သောဘုရား ၊ အသက်ရှင် သောဘုရား ၊ နိစ္စ ထာဝရဘုရင် ဖြစ်တော်မူ၏။ အမျက် တော်ထွက်လျှင် မြေကြီး တုန်လှုပ် ရ၏။ လူ အမျိုးမျိုးတို့သည် အမျက် တော်ကို မ ခံ နိုင်ကြ။
အမြင့်ဆုံး သော ဘုရား၏နှုတ် ထွက်ရှိသည် အတိုင်း မင်္ဂလာ နှင့် အမင်္ဂလာ ဖြစ် တတ်သည် မ ဟုတ် လော။
နိမိတ် လက္ခဏာတော်သည် အလွန် ကြီးပေ၏။ အံ့ဘွယ် သော အမှုတော်လည်း တန်ခိုး နှင့်ပြည်စုံပေ၏။ ဘုရားသခင်၏နိုင်ငံ တော်သည် ထာဝရ နိုင်ငံ ဖြစ်၏။ အာဏာစက် တော်လည်း ကမ္ဘာ အဆက်ဆက်တည်တော်မူ ၏။
သစ်မြစ် ၊ သစ်ငုတ် ကိုခြွင်း ထားစေခြင်းငှါ စီရင် ကြသည်အရာမှာ၊ ကောင်းကင် ဘုံသည် အုပ်စိုး ကြောင်း ကို ကိုယ်တော်သိ ပြီးသော နောက်၊ နိုင်ငံ တော်သည် လက်တော်မှ မရွေ့ဘဲ တည် လိမ့်မည်။
လူ သား စုထဲက နှင်ထုတ် ခြင်းကိုခံ၍ တိရစ္ဆာန် သဘောနှင့် ပြည့်စုံ၏။ အမြင့်ဆုံး သော ဘုရား သခင်သည် လောကီ နိုင်ငံ ကို အုပ်စိုး ၍၊ အလို တော်ရှိသော သူ တို့အား အပ် တော်မူသည်ကို မ သိမှတ် မှီတိုင်အောင်၊ မြည်းရိုင်း တို့နှင့် ပေါင်းဘော်လျက်၊ နွား ကဲ့သို့ မြက် ကိုစား လျက်၊ မိုဃ်း စွတ်ခြင်းကိုခံ ၍နေရ၏။
အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသောလူမျိုး တကာ တို့ကို အုပ်စိုးစေခြင်းငှာ၊ ထိုသူသည် နိုင်ငံ နှင့်တကွ အာဏာစက် တန်ခိုးကိုရ ၏။ အာဏာစက် တော် သည် ကမ္ဘာ အဆက်ဆက်တည်၏။ နိုင်ငံ တော်သည် ပျက်စီး ခြင်းသို့ မ ရောက်နိုင်ရာ။
ပိတ်ချော ကိုဝတ် လျက် မြစ် ရေ ပေါ် မှာရှိသော လူ ကလည်း၊ တကာလ၊ နှစ်ကာလ၊ ကာလတဝက် ပတ်လုံးဖြစ်လိမ့်မည်။ သန့်ရှင်း သောသူ တို့ ၏ အစွမ်း သတ္တိကို အရပ်ရပ်သို့ ဖြန့် လွှင့်ခြင်းအမှုပြီး သောအခါ ၊ ထို အမှု အရာ အလုံးစုံ တို့သည် ကုန်စင် ကြလိမ့်မည်ဟု လက်နှစ်ဘက်ကို ကောင်းကင် သို့ ချီ လျှက် ၊ ကမ္ဘာ အဆက်ဆက်အသက် ရှင်တော်မူသောဘုရားကို တိုင်တည် ၍ ကျိန်ဆိုသည် ကို ငါကြား ၏။
ခြေ ဆွံ့သောသူကို ငါကျန် ကြွင်းစေမည်။ အဝေးသို့ နှင်ထုတ် ခြင်းကို ခံရသောသူသည် ကြီးမား သော လူမျိုး ဖြစ်စေခြင်းငှါငါစီရင် မည်။ ထာဝရဘုရား သည် ဇိအုန် တောင် ပေါ် မှာ သူ တို့ကို ယခု မှစ၍ အစဉ် အမြဲအုပ်ချုပ် စိုးစံတော်မူလိမ့်မည်။
အခွန်ခံ မူကား ၊ အဝေး ကရပ် ၍ ကောင်းကင် သို့ မ မျှော် မကြည့်ဝံ့ ဘဲ ရင်ပတ် ကိုခက် လျက် ၊ အို ဘုရားသခင် ၊ အပြစ် များသော အကျွန်ုပ် ကို သနား ခြင်းကရုဏာစိတ် ရှိတော်မူပါဟုဆုတောင်း လေ၏။
လောက ဓါတ်တို့၏ ဘုရင် တည်းဟူသော၊ ဖောက်ပြန် ပျက်စီးခြင်းနှင့်ကင်းလွတ်တော်မူသော၊ မျက်မြင် မရ၊ အရူပဖြစ်တော်မူသော၊ တဆူတည်း သောဘုရားသခင် သည် ကမ္ဘာ အဆက်ဆက် ဂုဏ် အသရေ၊ ဘုန်း အာနုဘော်ရှိတော်မူစေသတည်း။ အာမင် ။
အသက်ကြီး သူနှစ်ဆယ် လေး ပါးတို့သည် ပလ္လင် တော်ပေါ်မှာ ထိုင် တော်မူသောသူ ရှေ့ ၌ ပြပ်ဝပ် လျက် ၊ ကမ္ဘာ အဆက်ဆက် အသက် ရှင် တော်မူသော သူ ကို ကိုးကွယ် လျက် ၊
သတ္တမ ကောင်းကင်တမန် သည် တံပိုး မှုတ်သောအခါ ၊ ကောင်းကင် ဘုံ၌ ကြီး သော အသံ တို့ကား ၊ လောကီ နိုင်ငံ သည် ငါ တို့အရှင် ၏ နိုင်ငံဖြစ် လေပြီ။ ထိုအရှင် ၏ ခရစ်တော် နိုင်ငံဖြစ် လေပြီ။ သူသည်လည်း ကမ္ဘာ အဆက်ဆက်စိုးစံ တော်မူမည်ဟု ပြောဆို ကြ၏။