TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 9:4

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ထာဝရဘုရား သည် မောရှေ ရှေ့ ၌ ကြွ သွားတော်မူလျက် ၊ ထာဝရဘုရား ၊ ထာဝရဘုရား ၊ ချစ် သနားခြင်း မေတ္တာ ကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည် ခြင်း၊ ကျေးဇူး ပြုခြင်း၊ သစ္စာ စောင့်ခြင်းနှင့် ကြွယ်ဝ တော်မူထသော၊

သို့ဖြစ်၍ သင် ၏ဘုရားသခင် ထာဝရဘုရား သည် မှန်သောဘုရား ၊ သစ္စာ စောင့်သောဘုရား ၊ ကိုယ်တော် ကို ချစ် ၍ ပညတ် တော်တို့ကို စောင့်ရှောက် သောသူတို့ ၏ အမျိုး အစဉ်အဆက် အထောင် အသောင်းတိုင်အောင် ပဋိညာဉ် စကားတည် ၍ ကရုဏာ ကို ပြသောဘုရား၊

သူ တို့ကြောင့် ထိတ်လန့် ခြင်း မ ရှိရ။ အကြောင်း မူကား၊ တန်ခိုးကြီး ၍ ကြောက်မက် ဘွယ်သောသင် ၏ ဘုရား သခင်ထာဝရဘုရား သည် သင် တို့တွင် ရှိတော်မူ ၏။

¶ သိမ်း သွားသော ရန်သူ တို့၏ ပြည် ၌ နေစဉ်၊ စိတ် နှလုံးအကြွင်းမဲ့ အထံ တော်သို့ပြန် လာ၍ ၊ ဘိုးဘေး တို့အား ပေး တော်မူသော ပြည် ၊ ရွေး တော်မူသော မြို့ ၊ နာမ တော်အဘို့ အကျွန်ုပ်တည်ဆောက် သော အိမ် တော်ကို မှီခိုလျက် ဆုတောင်း လျှင် ၎င်း၊

¶ အို ကောင်းကင် ဘုံ၏အရှင် ဘုရား သခင်ထာဝရဘုရား ၊ ကြီးမြတ် ၍ ကြောက်မက် ဘွယ်သော ဘုရား ၊ ပညတ် တော်တို့ကို နှစ်သက် ၍ ကျင့် စောင့်သောသူတို့ နှင့် ဖွဲ့သော ကရုဏာ ပဋိညာဉ် ကို မဖျက်၊ တည် စေ တော်မူသောဘုရား၊

သို့ဖြစ်၍ ၊ အို အကျွန်ုပ် တို့၏ဘုရား ၊ ကြီးမြတ် ၍ မဟာ တန်ခိုးနှင့် ပြည့်စုံလျက် ကြောက်မက် ဘွယ်သော ဘုရား ၊ ကရုဏာ ပဋိညာဉ် တော်ကို စောင့် တော်မူသောဘုရား၊ အာရှုရိ ရှင်ဘုရင် လက်ထက် မှစ၍ ယနေ့ တိုင်အောင် ၊ အကျွန်ုပ် တို့ ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ အဆွေအမျိုးသူကြီး၊ ကိုယ်တော် ၏ လူ အပေါင်း တို့အပေါ် သို့ ရောက် သော ဘေးဒဏ် ရှိသမျှ ကို ပမာဏ မပြုဘဲ နေတော်မ မူပါနှင့်။

သင်သည် ငါ့ စကား ကို နား မ ထောင်။ သင် ၏ ဘုရား သခင်ထာဝရဘုရား ကို ပြစ်မှား ၍ ၊ စိမ်း သော သစ်ပင် ရှိသမျှ အောက် ၌တွေ့သော ဧည့်သည် တို့နှင့် မှားယွင်း သော အပြစ် ရှိကြောင်းကို ဝန်ချ ရုံမျှသာ ပြုလော့ဟု ထာဝရဘုရား မိန့် တော်မူ၏။

သူတို့သည် ဝင် ၍ သိမ်းယူ ကြသော်လည်း ၊ အမိန့် တော်ကို နား မထောင်၊ တရား တော်လမ်းသို့ မ လိုက် ၊ မှာ ထားတော်မူသော အကျင့် တစုံတခုကိုမျှ မ ကျင့် ဘဲ နေသောကြောင့် ၊ ယခုခံရသမျှသော ဘေးဥပဒ် တို့ကို သူ တို့အပေါ်သို့ ရောက် စေတော်မူပြီ။

အပြစ် မှလွှတ် တော်မူထသော၊ ကျန် ကြွင်းသော အမွေ တော် လူတို့၏ လွန်ကျူး ခြင်းများကို သည်းခံ တော်မူထသော၊ ကရုဏာ ၌ မွေ့လျော် သောကြောင့် အစဉ် အမျက် ထွက် တော် မ မူသော ကိုယ်တော် ကဲ့သို့ အဘယ် ဘုရား ရှိပါသနည်း။

ငါ တို့ ဘိုးဘေး များနှင့် ဝန်ခံတော်မူသော သနား ခြင်းကျေးဇူးကို ပြု တော်မူသဖြင့်၎င်း၊

စုံစမ်းနှောင့်ရှက်ခြင်း ကို သည်းခံ သောသူ သည် မင်္ဂလာ ရှိ၏။ အကြောင်းမူကား ၊ စစ်ကြော စုံစမ်းခြင်းကို ခံ ပြီးမှသခင် ဘုရားကို ချစ် သော သူ တို့အား ဂတိ ထားတော်မူသောအသက် သရဖူ ကို ရ လိမ့်မည်။