TSK

TSK · တရားဟောရာကျမ်း 16:21

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

သို့ဖြစ်၍ ၊ သူ တို့၌ အဘယ်သို့ပြု ရမည်နည်း ဟူမူကား ၊ သူ တို့ယဇ် ပလ္လင်များကို ဖျက် ရမည်။ ရုပ်တု များကို ဖြိုချ ရမည်။ အာရှရ ပင်များကို ခုတ် လှဲရမည်။ ထုသောရုပ်တု ဆင်းတုများကို မီးရှို့ ရမည်။

¶ အာရှရ ပင်တို့ကို ပြုစု ၍ ထာဝရဘုရား ၏ အမျက် တော်ကိုနှိုးဆော်ကြသောကြောင့် ၊ ကျူပင် ကို ရေ ၌ လှုပ်ရှား သကဲ့သို့ ထာဝရဘုရား သည် ဣသရေလ အမျိုးကို ဒဏ်ခတ် ၍၊ ဘိုးဘေး တို့အား ပေး တော်မူသော ဤ ပြည် ကောင်း မှ နှုတ်ပယ် ပြီးလျှင် ၊ မြစ် ကြီးတဘက် ၌ အရပ်ရပ်သို့ ကွဲပြား စေတော်မူမည်။

မိမိ တို့ဘုရား သခင်ထာဝရဘုရား ၏ ပညတ် တော်ရှိသမျှ တို့ကို စွန့် ၍ နွားသငယ် တည်းဟူသောသွန်းသောရုပ်တု နှင့် အာရှရ ပင်ကို လုပ် ကြ၏။ မိုဃ်း ကောင်းကင်တန်ဆာ များကို ကိုးကွယ် ၍ ဗာလ ဘုရားကိုလည်း ဝတ်ပြု ကြ၏

ဤ ဗိမာန် ၌ ၎င်း ၊ ဣသရေလ ခရိုင် များတို့တွင် ငါရွေးကောက် သော ယေရုရှလင် မြို့၌ ၎င်း၊ ငါ့ နာမ ကို အစဉ် အမြဲငါ တည်စေမည်ဟု ထာဝရဘုရား သည် ဒါဝိဒ် နှင့် သား တော်ရှောလမုန် အား မိန့် တော်မူရာ ၌၊ ရည်ဆောင် သော ဗိမာန် တော်ထဲမှာ မိမိပြုစုသော အာရှရ ပင်နှင့် တူအောင် လုပ် သော ရုပ်တု ကို တင် ထား၏