TSK

TSK · ထွက်မြောက်ရာကျမ်း။ 10:21

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ထာဝရဘုရား ကလည်း ၊ အဲဂုတ္တု ပြည် တရှောက်လုံး ၌ လူ တို့အပေါ်မှာ ၎င်း ၊ တိရစ္ဆာန် တို့အပေါ် မှာ၎င်း ၊ လယ်ပြင် ၌ ရှိလေသမျှ သော အပင် များအပေါ် မှာ၎င်း၊ မိုဃ်းသီး ရွာ စေခြင်းငှာ ၊ သင် ၏လက် ကို မိုဃ်းကောင်းကင် သို့ ဆန့် လော့ဟု မောရှေ အား မိန့် တော်မူ၏။

သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ အဲဂုတ္တု ပြည်မှာ သင် တို့မျက်မှောက် ၌ ပြု တော်မူသကဲ့သို့ ၊ စုံစမ်း ခြင်းနိမိတ် လက္ခဏာနှင့် အံ့ဘွယ် သောအမှုတို့ကို ပြခြင်း၊ စစ်မှု ကိုရောက်စေခြင်း၊ အားကြီး သော လက်ရုံး တော်ကို ဆန့် ခြင်း၊ ကြောက်မက် ဘွယ်သော ရူပါရုံတို့ကို ပြခြင်းအားဖြင့်၊ အခြား တပါးသော ဘုရား သည် သွား ၍ လူ တမျိုးထဲက တမျိုးကို မိမိ အဘို့ နှုတ်ယူ ဘူးသလော။

ထိုသူတို့သည် နေ့ အချိန်၌ မှောင်မိုက် ကိုတွေ့ ၍၊ ညဉ့် အချိန်၌ကဲ့သို့ မွန်းတည့် အချိန်၌ စမ်းသပ် လျက် သွားလာရကြ၏။

အမျက် တော် အရှိန် အားဖြင့် သူ တို့၌ ဆိုး သော တမန် တို့ကို စေလွှတ် ၍ လွှမ်းမိုး ခြင်း၊ ဒဏ်ခတ် ခြင်း၊ နှောင့်ရှက် ခြင်းအမှုကိုဖြစ် စေတော်မူ၏။

မ တရားသောသူတို့၏လမ်း မူကား၊ မှောင်မိုက် ကဲ့သို့ ဖြစ်၍၊ သူတို့သည် လဲသောအခါ၊ အဘယ် အရာကို တိုက် မိသည်ဟု မ သိ ရကြ။

အကြောင်း မူကား၊ ပျက်သော ကိုယ်ဝန်သည် အချည်းနှီး ပေါ် လာ၏။ မှောင်မိုက် ထဲ မှာ ထွက် သွား၏။ သူ့ အမည် ကား၊ မှောင်မိုက် နှင့် ဖုံးလွှမ်း လျက် ရှိလိမ့်မည်။

အထက် သို့ မျှော် သည်ဖြစ်စေ၊ မြေကြီး ကို ကြည့် သည်ဖြစ်စေ ၊ ဒုက္ခ ဆင်းရဲနှင့် မှောင်မိုက် အတိရှိပါ ၏။ ထူထပ်သော မှောင်မိုက်နှင့်တွေ့၍၊ အလင်း ကွယ်ပျောက် ရာသို့ နှင်ထုတ် ခြင်းကိုခံရကြလိမ့်မည်။

မွန်းတည့် အချိန် မှစ၍ သုံးချက်တီး အချိန် တိုင်အောင် မြေ တပြင်လုံး ၌ မှောင်မိုက် အတိဖြစ် လေ၏။

ထိုအချိန်သည် မွန်းတည့် အချိန် လောက် ဖြစ် ၍ သုံးချက်တီး အချိန် တိုင်အောင် မြေ တပြင်လုံး ၌ မှောင်မိုက် အတိ ဖြစ် လေ၏။

ထိုသူ တို့သည် ရေ မရှိသော ရေတွင်း ကဲ့သို့၎င်း ၊ လေ တိုက်၍ လွင့် သောမိုဃ်းတိမ် ကဲ့သို့၎င်း ဖြစ် ကြ၏။ သူ တို့အဘို့ တခဲနက် သော ထာဝရမှောင်မိုက် ကို သိုထား ချက်ရှိ၏။

မိမိ ရှက် ခြင်းအကြောင်းကို ပွက် စေတတ်သော လှိုင်း တံပိုးရိုင်း ကဲ့သို့၎င်း၊ ကြယ် ပျံ ကဲ့သို့၎င်းဖြစ်ကြ၏။ ထို ကြယ်ပျံတို့အဘို့တခဲနက် သော ထာဝရ မှောင်မိုက် ကို သိုထား လျက်ရှိ၏။