TSK

TSK · ထွက်မြောက်ရာကျမ်း။ 23:21

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ငါသည် အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ၊ အနန္တ တန်ခိုးရှင်၊ ဘုရား သခင်နာမနှင့် ထင်ရှား သော်လည်း ၊ ထာဝရဘုရား နာမ အားဖြင့်သူ တို့သည် ငါ့ကို မ သိ ကြ။

ထာဝရဘုရား သည် မိုဃ်းတိမ် ဖြင့် ဆင်းသက် ၍ ၊ ထို အရပ်၌ မောရှေ အနား မှာရပ် လျက်၊ ထာဝရဘုရား ၏နာမ တော်ကို ကြွေးကြော် တော်မူ၏။

အကယ်စင်စစ် ငါ တဘက် ၌ စည်းဝေး သော ဤ ပရိသတ် ဆိုး အပေါင်း တို့ကို ထိုသို့ငါပြု ၍ သူတို့သည် ဤ တော ၌ သေကြေ ပျောက်ပျက် ကြ လိမ့်မည်ဟု ငါ ထာဝရ ဘုရား မိန့် တော်မူ၏။

ယောရှု ကလည်း ၊ သင်တို့သည် ထာဝရဘုရား အား ဝတ် မ ပြုနိုင်။။ ထိုဘုရား သည် သန့်ရှင်း သောဘုရား၊ အပြစ်ရှိသည်ဟု ထင်လွယ်သောဘုရား ဖြစ်တော်မူ၏။ သင် တို့လွန်ကျူး ပြစ်မှားသော အပြစ် တို့ကို သည်းခံ တော်မ မူ။

သား တော်ကို နမ်း ကြလော့။ သို့မဟုတ် လျှင် အမျက် တော်ထွက်၍ ၊ သင်တို့သည်လမ်း ၌ ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။ အမျက် တော်သည် ချက်ခြင်း ထွက် လိမ့်မည်။ သား တော်ကို ကိုးစား သောသူအပေါင်း တို့ သည် မင်္ဂလာ ရှိကြ၏။

သူတို့သည် ကိုယ်တော် ကို တော ၌ ပုန်ကန် ၍ ၊ လူ ဆိတ်ညံရာအရပ် ၌ စိတ် တော်နာဘွယ်သော အကြောင်းကို ကြိမ်ဖန်များစွာပြုကြပါသည်တကား။

ထာဝရဘုရား ဟူ၍နာမ တော်ရှိသော ကိုယ်တော် တပါး တည်းသာလျှင်၊ မြေကြီး တပြင်လုံး အပေါ် မှာ အမြင့်ဆုံး သောဘုရားဖြစ်တော်မူကြောင်း ကို သိ ကြပါ စေသော။

စစ်တိုက် သောသူရဲ၏ ခြေစွပ် နှင့် အသွေး လူး သော အဝတ် တန်ဆာရှိသမျှ တို့သည် မီးရှို့ ဘို့ မီးစာ ဖြစ် ရကြ လိမ့်မည်။

ငါ သည် ထာဝရဘုရား ဖြစ်၏။ ထို နာမသည် ငါ့ နာမ ဖြစ်၏။ ငါ့ ဘုန်း ကို အခြား သောသူအား ၎င်း၊ ငါ့ အသရေ ကို ရုပ်တု ဆင်းတုတို့အား ၎င်း ငါမ ပေး။

အကြောင်း မူကား၊ သန့်ရှင်း ခြင်းဟု နာမ ရှိတော် မူထသော၊ အနန္တ ကာလတည်းဟူသောဘုံဗိမာန်၌ စံ တော်မူထသော၊ အထွဋ် အမြတ်ဖြစ်တော်မူသောဘုရားမိန့် တော်မူသည်ကား ၊ ငါသည် မြင့်မြတ်သန့်ရှင်း သော အရပ် ၌နေ ၏။ စိတ် နှိမ့်ချ သောသူနှင့်၊ နှလုံးကြေကွဲ သောသူတို့ ၏စိတ် ဝိညာဉ်အသက် ရှင်စေ ခြင်းငှါ၊ ကြေကွဲ နှိမ့်ချ သောစိတ် သဘောရှိသောသူတို့၌လည်း ငါနေ၏။

ထိုမင်း လက်ထက် ၌ ယုဒ ပြည်သည် ကယ်တင် ခြင်းသို့ရောက်၍ ၊ ဣသရေလ ပြည်လည်း ငြိမ်ဝပ် စွာ နေ ရ လိမ့်မည်။ ထို မင်းသည် ယေဟောဝါ ဇေဒကနု ဟူသော ဘွဲ့ နာမရှိ လိမ့်သတည်း။

ဗျာဒိတ်တော်အချက်ဟူမူကားကြည့်ရှု လော့။ သတို့သမီး ကညာသည် ပဋိသန္ဓေ စွဲယူ ၍ သား ယောက်ျားကို ဘွားမြင် လတံ့။ ထိုသား ကို ဧမာနွေလ အမည် ဖြင့် မှည့် ရကြလတံ့ဟုလာသတည်း။ ဧမာနွေလ အနက် ကား ငါ တို့နှင့်အတူ ရှိတော်မူသောဘုရားသခင် ဟု ဆိုလို သတည်း။

သား တော်ကို ရိုသေ စေမည်အကြောင်း ၊ ခမည်းတော် သည် အဘယ်သူ ကိုမျှ မတရားစီရင် တော်မမူ။ တရား စီရင်ခြင်းအခွင့်ရှိသမျှ ကို သား တော်အား အပ်ပေး တော်မူ၏။ သား တော်ကို မ ရိုသေ သောသူ သည်ကား၊ သား တော်ကိုစေလွှတ် တော်မူသောခမည်းတော် ကို မ ရိုသေ သောသူဖြစ်၏။

ပြု လျှင်ငါ့ ကိုမ ယုံသော်လည်း ထိုအမှု တို့ကို ယုံ ကြလော့။ ထိုသို့ ယုံလျှင် ခမည်းတော် သည် ငါ ၌ ရှိတော်မူသည်ကို၎င်း၊ ငါ သည်ခမည်းတော် ၌ ရှိသည်ကို၎င်း ယုံ၍ သိမှတ် ကြလိမ့်မည် ဟု မိန့်တော်မူ၏။

ရွေးနှုတ် ခြင်းနေ့ရက် တိုင်အောင် သင် တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင် ၏သန့်ရှင်း သော ဝိညာဉ် တော်ကို စိတ် မ နာစေကြနှင့်။

ထို လူမျိုး ကို ငါရွံ သည်ဖြစ်၍ ၊ သူတို့သည် အစဉ် စိတ် သဘော မှားယွင်း တတ်ကြ၏။ ငါ ၏ အလေ့အလာ တို့ကို နား မ လည်ကြဟု ငါဆို ရ၏

အကြောင်းမူကား ၊ သမ္မာတရား ကို သိ ပြီးမှ ကိုယ် အလိုသို့လိုက်၍ပြစ်မှား ပြန်လျှင်၊ နောက်တဖန်အပြစ် ဖြေသောယဇ်ကို ပူဇော် ရာအခွင့် မ ရှိ ဘဲ၊

ညီအစ်ကို ချင်းသည် သေ ပြစ်မ သင့် သောဒုစရိုက် ကို ပြု မိသည်ကို တစ်စုံတစ်ယောက် သောသူသည် မြင် လျှင် ၊ ထိုသူသည် ဆုတောင်း ရမည်။ သေ ပြစ် ကို မ ပြု သောသူ တို့အဘို့အလိုငှာ၊ ဘုရားသခင်သည် ထိုသူ အား အသက် ကိုပေး တော်မူမည်။ သေ ပြစ်သင့် သောဒုစရိုက် ရှိ ၏။ ထိုဒုစရိုက် အပြစ်ကို လွှတ်စေခြင်းငှာ ဆုတောင်း ရမည်ဟုငါမ ဆို ။

စမုရန မြို့၌ ရှိသော အသင်းတော် ၏ တမန် ကို ဤသို့ ရေး ၍ မှာလိုက်လော့။ အဦးဆုံး သောသူ ၊ နောက်ဆုံး သော သူ တည်းဟူသော၊ အရင်သေ ၍ အသက် ရှင်လျက်ရှိ သော သူ ၏ အမိန့် တော်ကား၊

ဖိလဒေလဖိ မြို့၌ ရှိသော အသင်းတော် ၏ တမန် ကိုဤသို့ ရေး ၍ မှာလိုက်လော့။ သန့်ရှင်း သောသူ ၊ ဟုတ်မှန် သောသူ ၊ ဒါဝိဒ် မင်း၏ တံခါးသော့ ကို ကိုင် သော သူ ၊ အဘယ်သူ မျှ မပိတ် နိုင်အောင် ဖွင့် ၍၊ အဘယ်သူ မျှ မဖွင့် နိုင်အောင် ပိတ် သောသူ ၏ အမိန့် တော်ကား။