အကြောင်း မူကား၊ သင်တို့သည် ထာဝရဘုရား ရှေ့ တော်၌ အပြစ် ရှိသမျှ တို့နှင့် ကင်းစင် မည်အကြောင်း၊ ထို နေ့ ရက်၌ ယဇ်ပုရောဟိတ်သည် သင် တို့ကို စင်ကြယ် စေခြင်းငှါ ၊ အပြစ် ဖြေခြင်းကို ပြုရမည်။
TSK
TSK · ဧဇရမှတ်စာ။ 8:21
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
ငါတို့သည် ထား ဖြင့် သေ ၍ သား မယား တို့သည် ရန်သူ လက်သို့ ရောက်စေခြင်းငှါ၊ ထာဝရဘုရား သည် အဘယ်ကြောင့် ငါ တို့ကို ဤ အရပ် သို့ ဆောင် ခဲ့တော်မူသနည်း။ အဲဂုတ္တု ပြည်သို့ ပြန် ကောင်း သည်မ ဟုတ်လော ဟု မောရှေနှင့် အာရုန်အားဆို ပြီးမှ ၊
ထိုအခါ ဣသရေလ အမျိုးသားအပေါင်း တို့သည် ဘုရား သခင်အိမ်တော်သို့သွား ၍ ငိုကြွေး လျက် ၊ ထာဝရဘုရား ထံ တော်၌ ဝပ် လျက် ၊ တနေ့ လုံး ညဦး ယံတိုင်အောင် အစာ ကို ရှောင်၍ ထာဝရဘုရား အား မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် ကြ၏။
ယောရှဖတ် သည် ကြောက် ၍ ၊ ထာဝရဘုရား ကို ရှာ ခြင်းငှါ သဘောချ လျက် ၊ အစာ ရှောင်ရာအချိန်ကို၊ ယုဒ ပြည်တရှောက်လုံး ၌ ကြော်ငြာ စေတော်မူ၏။
ထိုလူများတို့ကို အဟာဝ မြို့သို့ စီး သော မြစ် နား မှာ ငါစုဝေး စေ၍ ၊ သုံး ရက် ပတ်လုံးတဲ ၌ နေကြ၏။ လူ များ နှင့် ယဇ် ပုရောဟိတ်များတို့ကို ငါစစ်ဆေး ၍ ၊ လေဝိ သား တယောက်ကိုမျှ မ တွေ့ သောအခါ၊
¶ ထိုလ နှစ် ဆယ်လေး ရက် နေ့တွင် ၊ ဣသရေလ အမျိုးသားတို့သည် အစာ ရှောင်လျက် ၊ လျှော်တေ အဝတ် ကိုဝတ်လျက်၊ ကိုယ် ၌ မြေမှုန့် ကို တင်လျက် စည်းဝေး ကြ၏။
အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ ရန်သူ တို့ကြောင့် အကျွန်ုပ် ကို တရား တော်လမ်းထဲ သို့ပို့ဆောင် တော်မူပါ။ ကိုယ်တော် ၏လမ်း ကို အကျွန်ုပ် ရှေ့ မှာ ဖြောင့် စေတော်မူပါ။
ကိုယ်တော် ၏ရန်သူ တို့ကို ရည်ဆောင်၍ ရန်သူကို ၎င်း၊ အငြိုး ထားသောသူကို၎င်း ၊ တိတ်ဆိတ် စွာနေစေ ခြင်းငှါ ၊ နို့စို့ သူငယ် တို့၏နှုတ် ထဲ မှအစွမ်း သတ္တိကို စီရင် တော်မူ၏။
¶ ဗာဗုလုန် မြစ် တို့အနား မှာ ငါတို့သည်ထိုင် ၍ ၊ ဇိအုန် မြို့ကို အောက်မေ့ လျက် ငိုကြွေး ကြ၏။
သွား လေရာရာ၌ ထာဝရ ဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင် ၊ သင် ၏လမ်းခရီး တို့ကို ပဲ့ပြင် တော်မူ မည်။
ထို အရပ်၌ လမ်းမ ကြီး ရှိ လိမ့်မည်။ ထိုလမ်းကို သန့်ရှင်း ရာလမ်း ဟု သမုတ် ကြလိမ့်မည်။ မစင်ကြယ် သောသူသည် ထိုလမ်း ကို မ ရှောက် မသွားရ။ သွား သောသူတို့ နှင့်အတူကိုယ်တော် တိုင်ခရီးသွားလျက် ရှိတော်မူသည် ဖြစ်၍၊ မိုက် သောသူသော်လည်းလမ်း မ လွဲ ရ။
သူတို့သည် ရေစာကို မ ငတ် မ မွတ် ရ။ အပူ ကို လည်း မ ခံ ရကြ။ နေ ရောင်ခြည်မထိရ။ အကြောင်း မူကား၊ သူ တို့ကို သနား သောသူသည် သူ တို့ကို ပို့ဆောင် ၍ ၊ စမ်း ရေ တွင်းအနား သို့ လမ်းပြ လိမ့်မည်။
ငါနှစ်သက် သော အစာရှောင် ခြင်းသည် ထို သို့ သော လက္ခဏာရှိ သလော။ လူ သည် တ ရက်တွင် ခြိုးခြံ စွာကျင့် ခြင်း၊ ကိုင်း ပင်ကဲ့သို့ ဦးချ ခြင်း၊ အိပ်ရာဘို့ လျော်တေ နှင့်ပြာ ကို ခင်း ခြင်း၊ လက္ခဏာရှိလျှင်၊ အစာရှောင် ခြင်း ဟူ၍၎င်း ၊ ထာဝရဘုရား နှစ်သက် တော်မူသော နေ့ ရက်ဟူ၍၎င်း မှည့် အပ်သလော။
သူ တို့ကို မြောက် ပြည် မှ ငါ ဆောင် ခဲ့၍၊ မြေကြီး စွန်း မှ စုသိမ်း မည်။ မျက်စိ ကန်းသောသူ၊ ခြေဆွံ့ သောသူ၊ ကိုယ်ဝန် ဆောင်သောမိန်းမ၊ သားဘွား ခြင်းဝေဒနာကို ခံရသောမိန်းမများလည်းပါ လျက်၊ ကြီး စွာသော အစည်း အဝေးတို့သည် ပြန် လာကြလိမ့်မည်။
ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ အခါ ဣသရေလ အမျိုးသား တို့သည် ယုဒ အမျိုးသား တို့နှင့် ပေါင်းဘက်၍လာ ကြလိမ့်မည်။ မျက်ရည် ကျလျက် ၊ ခရီးသွား လျက် ၊ သူ တို့၏ဘုရားသခင် ထာဝရဘုရား ကို သွား ၍ ရှာ ကြလိမ့်မည်။
အစာရှောင် ရသောအချိန်ကို ခန့် ထားကြလော့ ။ ခြိုးခြံစွာကျင့် ရသောအချိန်ကို ကြော်ငြာ ကြလော့။ အသက်ကြီး သူမှစ၍ပြည်သူ ပြည်သားအပေါင်း တို့ကို သင် တို့ဘုရား သခင်ထာဝရဘုရား ၏ အိမ် တော်၌ စည်းဝေး ၍ ထာဝရဘုရား အား ဟစ်ကြော် ကြလော့။
နိနေဝေ မြို့သား တို့သည် ဘုရား သခင်၏ အမိန့် တော်ကို ယုံ ၍ ၊ လူကြီး လူငယ် အပေါင်းတို့သည် အစာရှောင် ရာအချိန်ကို ကြော်ငြာ ၍ လျှော်တေ အဝတ်ကို ဝတ် ကြ၏။
အကြောင်းမူကား ၊ ဂတိ တော်သည် သင် တို့နှင့်၎င်း ၊ သင် တို့၏သားသမီး တို့နှင့် ၎င်း၊ ဝေး သော သူ တို့တွင် ငါ တို့၏ဘုရားသခင် ထာဝရ ဘုရား ခေါ် တော်မူသမျှ သောသူတို့နှင့်၎င်း ဆိုင်သည်ဟု ဟော ၏။