ထို အမှုအရာ ကောင်း သည်ကို ဘုရား သခင် မြင် တော်မူ၍၊
TSK
TSK · ကမ္ဘာဦးကျမ်း 1:21
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
ဘုရား သခင်သည် မိမိဖန်ဆင်း သမျှ သောအရာတို့ကို ကြည့်ရှု လျှင် ၊ အလွန် ကောင်း သည်ကို မြင် တော်မူ၍ ၊ ည ဦးနှင့် နံနက် သည် ဆဌမ နေ့ ရက်ဖြစ် လေ၏။
ငှက် လည်းအမျိုး အလိုက် ၊ သားလည်း အမျိုး အလိုက် ၊ တွား တက်သော တိရစ္ဆာန်အပေါင်း လည်း အမျိုး အလိုက် ၊ အထီးအမ၊ အစုံ တို့သည် အသက် ချမ်းသာစေခြင်းငှါ ၊ သင့် ထံသို့ လာ ကြလိမ့်မည်။
သင် ထံမှာ အသက် ရှင်သော တိရစ္ဆာန် ၊ ငှက် များ၊ သား များ မြေ ပေါ် ၌ တွား တတ်သောတိရစ္ဆာန်များ တို့သည်၊ မြေ ပေါ် မှာသားကိုမွေး ၍ အလွန် တိုးပွား များပြား မည်အကြောင်း ၊ ထိုတိရစ္ဆာန်ရှိသမျှ တို့ကို ကိုယ် နှင့်အတူ ထုတ် ဆောင်လော့ဟု၊ နောဧ ကို မိန့် တော်မူ၏။
သင် တို့သည် သားကိုဘွား ၍ များပြား ကြလော့။ မြေ ပေါ် မှာ အလွန်မွေးဘွား ၍ များပြား ကြလော့ဟု မိန့် တော်မူ၏။
မြစ် သည်လည်း များစွာ သော ဘား တို့ကိုဘွား၍၊ သူတို့သည် သင် ၏အိမ် ၌၎င်း ၊ အိပ် ခန်း ၌ ၎င်း ၊ အိပ်ရာ ပေါ် ၌၎င်း ၊ သင် ၏ကျွန် တို့ အိမ် ၌ ၎င်း ၊ သင် ၏လူ တို့အပေါ် ၌၎င်း ၊ သင် ၏မီးဖို ၌ ၎င်း ၊ မုန့် နယ်သော ခွက်၌ ၎င်း တက် ကြလိမ့်မည်။
သားမျိုး နှင့် မိုဃ်းကောင်းကင်ငှက် တို့ကို မေးမြန်း လော့။ သူတို့သည် ဟောပြော သွန်သင် ကြလိမ့်မည်။
အို ထာဝရဘုရား ၊ ကိုယ်တော် စီရင် ပြုပြင်တော်မူ သောအရာတို့သည် အလွန်များပြား ပါ၏။ ရှိရှိသမျှ တို့ကို ပညာ တော်အားဖြင့် ဖန်ဆင်း တော်မူ၏။ မြေကြီး သည် ဘဏ္ဍာ တော်နှင့် ကြွယ်ဝ ပါ၏။
မြေကြီး ၌ ရှိသောအရာ၊ ငါး ကြီးများ၊ နက်နဲ ရာ အရပ် များ၊
ယောန ကို မျို စေခြင်းငှါ ငါး ကြီး ကို ထာဝရဘုရား ခန့် ထားတော်မူသည်နှင့်အညီ ၊ ယောန သည် ငါး ၏ဝမ်း ထဲမှာ သုံး ရက် ပတ်လုံးနေ ရ၏။
ယောန သည်ငါး ကြီးဝမ်း ထဲမှာ သုံး ရက်နေ ရသကဲ့သို့ ၊ လူ သား သည် မြေကြီး ထဲမှာ သုံး ရက်နေ ရလတံ့။