နောဧ သည်လည်း ၊ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် ပြီးမှ စင်ကြယ် သောသား ၊ စင်ကြယ် သော ငှက် အမျိုးမျိုး ထဲက ယူ ၍ ၊ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့သော ယဇ် ကို ပူဇော်လေ၏။
TSK
TSK · ကမ္ဘာဦးကျမ်း 13:18
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
ယဇ် ပလ္လင်ကိုတည် ခဲ့ဘူးသော အရပ် သို့ ရောက်ပြန်လျှင်၊ ထို အရပ်တွင် ထာဝရဘုရား ၏ နာမ တော်ကို ပဌနာ ပြု၏။
¶ ထာဝရဘုရား သည် မံရေ သပိတ် တောနား မှာ၊ အာဗြဟံ အား ထင်ရှား တော်မူသည် အကြောင်းအရာဟူမူကား ၊ နေ ပူ သောအချိန်တွင် အာဗြဟံသည် တဲ တံခါးဝ ၌ ထိုင် လျက်၊
ထိုနောက် ယာကုပ် သည် အာဗြဟံ နှင့် ဣဇာက် တည်းခို ရာ၊ မံရေ အရပ်၊ ဟေဗြုန် မြို့တည်းဟူသော ကိရယသာဘ မြို့၌နေ သော၊ အဘ ဣဇာက် ထံ သို့ရောက် လေ၏။
တောင် မျက်နှာ၌ ရှောက်သွား ၍ အာနက အမျိုးသား အဟိမန် ၊ ရှေရှဲ ၊ တာလမဲ နေသောဟေဗြုန် မြို့သို့ ရောက် ကြ၏။ ဟေဗြုန် မြို့ကား၊ အဲဂုတ္တု ပြည်၌ ဇောန မြို့ မ တည်မှီ ခုနစ် နှစ် ကတည် သော မြို့ဖြစ်သတည်း။
¶ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ယောရှု သည် ယုဒ အမျိုးသား တို့တွင် ယေဖုန္နာ ၏သား ကာလက် အဘို့ ဟေဗြုန် မြို့တည်းဟူသော အာနက အဘ အာဘ ၏မြို့ ကို ချပေး လေ၏။
ငါသည် ထာဝရဘုရား ကို အစဉ် မပြတ်မျက်မှောက် ပြု ၏။ အကြောင်း မူကား၊ ငါ လက်ျာ ဘက်၌ တည်ရှိတော်မူသည်ဖြစ်၍၊ ငါသည်လှုပ်ရှား ခြင်း မ ရှိရ။ ထိုကြောင့်ငါ့ စိတ် နှလုံးသည် သာယာ ခြင်း၊