TSK

TSK · ကမ္ဘာဦးကျမ်း 7:21

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ထိုအခါ ဘုရား သခင်သည်၊ နောဧ အား မိန့် တော်မူသည်ကား၊ သတ္တဝါ အပေါင်း တို့၏ အဆုံး သည် ငါ့ မျက်မှောက် တွင် ပေါ် လာပြီ။ သူ တို့ကြောင့် မြေကြီး သည် အဓမ္မ အမှုနှင့်ပြည့်စုံ လေ၏။ အကယ်စင်စစ်မြေကြီး နှင့်တကွ သူ တို့ကို ငါ ဖျက်ဆီး မည်။

အကြောင်းမူကား ၊ ယနေ့ မှစ၍ ခုနစ်ရက်စေ့လျှင်၊ အရက် လေးဆယ် ပတ်လုံးမြေကြီး ပေါ် သို့ မိုဃ်း ရွာ စေမည်။ ငါဖန်ဆင်း သော သတ္တဝါ အပေါင်း တို့ကို၊ မြေကြီး မျက်နှာ ပေါ် မှ ငါပယ်ရှင်း မည်ဟု၊ ထာဝရဘုရား မှာထားတော်မူ၏။

ထိုကြောင့် ၊ ကျိန်တော်မူသောအကျိန် သည် ပြည် တော်ကို လွှမ်းမိုး ပြီ။ ပြည်သား တို့အပေါ်မှာ အပြစ် ရောက်လေပြီ။ ထိုကြောင့် ၊ ပြည်သား တို့သည် ပူလောင် ကြ သဖြင့်၊ ကျန်ကြွင်း သောသူ တို့သည် နည်း ကြ၏။

အကယ် စင်စစ်ငါ ၏လူ တို့သည် ထိုင်းမှိုင်း ၍ ငါ့ ကို မ သိ ကြ။ မိုက် သောသူငယ် ဖြစ်၍ ဉာဏ် မ ရှိကြ။ မကောင်း သော အမှုတို့၌ လိမ္မာ ကြ၏။ ကောင်း သောအမှု တို့ကို မ ပြု တတ်ကြ။

ထိုကြောင့် ၊ ပြည် သည် ငြိုငြင် လိမ့်မည်။ ပြည်သား အပေါင်း တို့နှင့်တကွ ၊ တော သားရဲ ၊ မိုဃ်း ကောင်းကင်ငှက် တို့သည် အားလျော့ ကြလိမ့်မည်။ ပင်လယ် ငါး တို့ သည်လည်း ကုန် ကြလိမ့်မည်။

သူ တို့ရှေ့ မှာ မီး လောင် ၏။ နောက် ၌လည်း မီးလျှံ တောက် ၏။ ရှေ့ တွင်ရှိသောပြည် သည် ဧဒင် ဥယျာဉ် ကဲ့သို့ ဖြစ်၏။ နောက် ၌ကား၊ သုတ်သင် ပယ်ရှင်းသော လွင်ပြင် ဖြစ်၏။ အကယ် စင်စစ်သူ တို့လက်မှ အဘယ်အရာမျှ မ လွတ် ရ။

ရေ လွှမ်းမိုးခြင်းရောက် သဖြင့် လူခပ်သိမ်း တို့ကို သုတ်သင် ပယ်ရှင်းသည်တိုင်အောင် သတိမဲ့ နေကြသည် နည်းတူ ၊ လူ သား ကြွလာ သောအခါ၌ ဖြစ် လိမ့်မည်။

ဤ လောက သည် အနိစ္စ နိုင်ငံသို့အလိုလို လိုက် သည်မ ဟုတ်။

ရှေး လောက ဓါတ်ကိုလည်း နှမြော တော်မ မူ။ ဖြောင့်မတ် ခြင်းတရားကိုဟော သောနောဧ နှင့် လူခုနစ် ယောက်တို့ကို စောင့်မ တော်မူ၍ ၊ ဘုရား ကို မကိုးကွယ်သော လောကီသား အပေါင်းတို့ကို ရေလွှမ်းမိုး စေတော်မူ၏။