TSK

TSK · ဟေရှာယအနာဂတ္တိကျမ်း။ 42:21

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

သို့ဖြစ်၍ ထို ပညတ် တရားတို့ကို ကျင့်စောင့် ကြလော့။ သို့ပြုလျှင် ၊ ထို ပညတ် တရား ရှိသမျှ တို့ကို ကြား ရသောလူမျိုး များရှေ့ မှာ၊ သင် တို့၏ ဉာဏ် ပညာ သည် ထင်ရှားလိမ့်မည်။ သူတို့ကလည်း၊ ဤ ကြီးမြတ် သော လူမျိုး သည် အကယ် စင်စစ်ဉာဏ် ပညာနှင့် ပြည့်စုံသော အမျိုး ဖြစ်၏ဟု ဆို ကြလိမ့်မည်။

အကျွန်ုပ် ၏ ဘုရား သခင်၊ ကိုယ်တော် ၏အလို ကို ဆောင် ရာ၌ အကျွန်ုပ်သည် အား ရဝမ်းမြောက်ပါ၏။ ကိုယ်တော် ၏တရား သည်လည်း အကျွန်ုပ် နှလုံး ထဲ မှာ ရှိပါ၏။

အိုဘုရား သခင်၊ ဖြောင့်မတ် တော်မူခြင်းတရားသည် အလွန်မြင့် ရာသို့ မှီသည်ဖြစ်၍ ၊ ကိုယ်တော်သည် ကြီးစွာ သော အမှုတို့ကို ပြု တော်မူ၏။ အိုဘုရား သခင်၊ ကိုယ်တော် နှင့်အဘယ် သူတူ ပါသနည်း။

ထိုကြောင့်၊ ဣသရေလ အမျိုး၌ တန်ခိုးကြီး သောဘုရား၊ ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အဲ ၊ ငါ့ တဘက် ၌ နေသောသူတို့ ကို ပယ်ရှားပြီးမှငါချင်ရဲ ပြေမည်။ ကိုယ်အဘို့ကို စောင့်၍ ငါ့ ရန်သူ တို့ကို အပြစ်နှင့် အလျောက်စီရင် မည်။

ယေရှု ကလည်း အလုံးစုံ သောတရား တို့ကို အကုန်အစင် ကျင့်သင့်သည်ဖြစ် ၍ ယခု အခွင့် ပေးပါ ဟု ပြန်ပြောတော်မူ ၏။ ထိုအခါ ယောဟန်သည် ဝန်ခံ လေ၏။

ပညတ္တိ ကျမ်း၊ အနာဂတ္တိ ကျမ်းများကို ဖျက်ပယ် ခြင်းငှာငါလာ သည်ဟု မ ထင် ကြနှင့်။ ဖျက်ပယ် ခြင်းငှာငါလာ သည်မ ဟုတ်။ ပြည့်စုံ စေခြင်းငှာငါလာသတည်း။

ငါ့ ကိုစေလွှတ် တော်မူသောသူ သည် ငါ နှင့်အတူ ရှိ တော်မူ၏။ ငါ့ ကို တစ်ကိုယ် တည်းနေစေခြင်းငှာခမည်းတော်သည် စွန့်ပစ်တော် မ မူ။ အကြောင်းမူကား ၊ နှစ်သက် တော်မူသောအမှု ကို အစဉ်မပြတ် ငါ ပြု သည် ဟု မိန့် တော်မူ၏။

ငါ သည် ငါ့ ခမည်းတော် ၏ပညတ် တို့ကို စောင့်ရှောက် ၍ ခမည်းတော် ၏မေတ္တာ ၌ တည်နေ သကဲ့သို့ ၊ သင်တို့သည် ငါ့ ပညတ် တို့ကို စောင့်ရှောက် လျှင် ၊ ငါ့ မေတ္တာ ၌ တည်နေ ကြလိမ့်မည်။

ထိုကြောင့် ၊ တရား တော်သည်သန့်ရှင်း ခြင်းရှိ၏။ ပညတ် တရားလည်း သန့်ရှင်း ခြင်း၊ ဖြောင့်မတ် ခြင်း၊ ကောင်းမြတ် ခြင်းရှိ၏။

ယုံကြည် သောသူ အပေါင်း တို့သည် ဖြောင့်မတ် ရာသို့ ရောက်မည်အကြောင်း ၊ ပညတ် တရားသည် ခရစ်တော် အားဖြင့် စုံလင် ခြင်းရှိ၏။

ထိုကြောင့် ဘုရားသခင် ရှေ့တော်၌ ပညတ် တရားအားဖြင့် အဘယ်သူ မျှဖြောင့်မတ် ရာသို့ မရောက် နိုင်ဟုထင်ရှား လျက်ရှိ၏။ သစ် တိုင်၌ ဆွဲ ထားခြင်း ခံရသောသူ တိုင်း ကျိန် ခြင်းကို ခံရသောသူဖြစ်သည်ဟု ကျမ်းစာလာ သည်နှင့်အညီ၊ ခရစ်တော်သည် ငါ တို့ အတွက် ကြောင့် ကျိန် ခြင်းကို ခံရ သောသူဖြစ်၍၊ ငါ တို့ကို ပညတ် တရား၏ကျိန် ခြင်းမှ ရွေးနှုတ် တော်မူပြီ။

ဝိညာဉ် ပကတိ၏အကျိုး မူကား ၊ ချစ် ခြင်း၊ ဝမ်းမြောက် ခြင်း၊ ငြိမ်သက် ခြင်း၊ စိတ်ရှည် ခြင်း၊ ကျေးဇူး ပြုခြင်း၊ ကောင်းမြတ် ခြင်း၊ သစ္စာစောင့် ခြင်း၊

နောင် ကာလ အခါ ဣသရေလ အမျိုးသား တို့၌ ငါပေး အံ့သော ပဋိညာဉ် တရားဟူမူကား၊ ငါထာဝရ ဘုရားသည် ငါ့ ပညတ် တို့ကို သူ တို့ စိတ် ဝိညာဉ်ထဲသို့ သွင်း မည်။ သူ တို့နှလုံး ပေါ်မှာ ရေး ထားမည်။ ငါသည် သူ တို့၏ ဘုရား ဖြစ် မည်။ သူ တို့သည်လည်း ငါ ၏လူ ဖြစ် ကြလိမ့်မည်