ထာဝရဘုရား သည် မိမိ သန့်ရှင်း သူကို ရွေး ထား တော်မူသည်ကို သိ မှတ်ကြလော့။ ငါ ခေါ် ၍ လျှောက် သောအခါ ၊ ထာဝရဘုရား သည် နားထောင် တော်မူလိမ့် မည်။
TSK
TSK · ဟေရှာယအနာဂတ္တိကျမ်း။ 43:21
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
ထို အကြောင်းအရာကို နောက် ဖြစ်လတံ့သော လူမျိုး အဘို့ ရေးမှတ် ရမည်။ ပြုပြင် တော်မူလတံ့သော လူ တို့သည် ထာဝရ ဘုရားကို ချီးမွမ်း ကြလိမ့်မည်။
ထာဝရဘုရား သည် ခပ်သိမ်း သောအရာတို့ကို ကိုယ်တော် အဘို့ ၊ မ တရားသောသူတို့ကိုလည်း ဘေးဒဏ် ခံရသောနေ့ အဘို့ဖန်ဆင်း တော်မူ၏။
သင် ၏လူ အပေါင်း တို့သည် ဖြောင့်မတ် ၍၊ ပြည် တော်ကို အစဉ် အမြဲအမွေခံ သဖြင့်၊ ငါ ၏ဘုန်း ပွင့်စေခြင်းငှါ ၊ ငါ့ ကိုယ်တိုင်စိုက် ၍ ပြုစုသော ပျိုးပင် ဖြစ်ရကြ လိမ့်မည်။
ဤမြို့သည် ငါဝမ်းမြောက်စရာအကြောင်း၊ မြေပေါ်မှ ခပ်သိမ်း သောလူမျိုး တို့တွင် ချီးမွမ်း စရာ အကြောင်း၊ ဂုဏ် အသရေတော်ကျော်စော စရာအကြောင်းဖြစ် လိမ့်မည်။ ဤမြို့သားတို့အား ငါ ပြု သမျှ သော ကျေးဇူး ကို လူအမျိုးမျိုးတို့သည် ကြား သိကြလိမ့်မည်။ ဤမြို့ ၌ ငါ ပြုစု သမျှသော စည်းစိမ် ချမ်းသာ ကိုထောက်၍ ကြောက်ရွံ တုန်လှုပ် ကြလိမ့်မည်။
အဘယ်သို့နည်း။ သင် တို့ကိုယ်ခန္ဓါ သည် ဘုရားသခင် ပေး သနားတော်မူသော ဝိညာဉ်တော်တည်းဟူသော၊ သင် တို့အထဲ ၌ ကျိန်းဝပ်၍ သန့်ရှင်း သော ဝိညာဉ် တော်၏ ဗိမာန် ဖြစ် ကြောင်း ကို၎င်း၊ မိမိ တို့ကို မိမိတို့မ ပိုင် ကြောင်းကို၎င်း၊ မ သိ ကြသလော။
ထို ဘုရားသခင် သည် ချစ် တော်မူသောသားတော်ကြောင့် ၊ ငါ တို့အား ပေး တော်မူသောကျေးဇူး တော်၏ ဘုန်း အသရေကိုချီးမွမ်း စေခြင်းငှာ ၊
အကြောင်းမူကား ၊ ထိုသား တော်သည် ကောင်းကင် ပေါ် ၊ မြေကြီး ပေါ်မှာ ရှိသမျှသောရူပ အရာ၊ အရူပ အရာ၊ ရာဇပလ္လင် ဖြစ်စေ ၊ အစိုးရ ခြင်းတန်ခိုးဖြစ်စေ ၊ အထွဋ်အမြတ် ဖြစ်စေ ၊ အာဏာစက် ဖြစ်စေ ၊ ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်း တော်မူ၏။ ထိုသခင် အားဖြင့် ၎င်း ၊ ထိုသခင် အဘို့ အလိုငှာ၎င်း၊ ခပ်သိမ်း သောအရာတို့ သည် ဖန်ဆင်း လျက်ဖြစ်ကြ၏။။
ထိုကြောင့် ၊ ငါတို့သည် ဘုရားသခင် ၏ ကျေးဇူး တော်ကို ဝန်ခံ လျက်၊ နှုတ်ခမ်း အသီး တည်းဟူသောချီးမွမ်း ခြင်းယဇ် ကို သခင် ယေရှုခရစ်အားဖြင့် ဘုရားသခင့် ရှေ့တော်၌ အစဉ် ပူဇော် ကြကုန်အံ့