¶ အိုထာဝရဘုရား ၊ အဘယ်မျှကာလပတ်လုံး ကြာပါလိမ့်မည်နည်းဟု ငါမေး လျှောက်ပြန်လျှင်၊ မြို့ တို့ သည် မြို့သား မ ရှိ၊ အိမ် တို့သည် အိမ်သား မ ရှိအောင် ဖျက်ဆီး ခြင်းသို့ရောက်သဖြင့်၊ တပြည်လုံးသည် လူ ဆိတ်ညံရာသက်သက်ဖြစ်သည်တိုင်အောင် ၎င်း၊
TSK
TSK · ယေရမိအနာဂတ္တိကျမ်း။ 21:6
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
သို့ဖြစ်၍၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ဤ အရပ် ၌ ရှိသောလူ ၊ တိရစ္ဆာန် ၊ သစ်ပင် ၊ မြေ အသီးအနှံ အပေါ် မှာ ငါ သည် ဒေါသ အမျက် မီးကို သွန်းလောင်း ၍၊ ထိုမီးသည် မ ငြိမ်း ဘဲလောင် လိမ့်မည်။
သူတို့သည် အစာရှောင် ခြင်းအကျင့်ကို ကျင့် သောအခါ ၊ သူ တို့ အော်ဟစ် သံကို ငါ နား မ ထောင်။ မီးရှို့ ရာယဇ်ကိုသော်၎င်း၊ ပူဇော် သက္ကာကိုသော်၎င်း၊ ဆက်ကပ် သောအခါ ငါ လက် မ ခံ။ ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးဖြင့် ၊ သူ တို့ကို ငါ ဆုံး စေမည်ဟု မိန့်တော်မူလျှင်၊
ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ သည် သင်နှင့် သင် ၏ အဆွေ ခင်ပွန်းတို့၌ ၊ သင့် ကို ကြောက်မက် ဘွယ်သော အရာဖြစ် စေမည်။ သူတို့သည်လည်း ၊ သင့် မျက်မှောက် ၌ ရန်သူ ၏ထား ဖြင့် ဆုံး ကြလိမ့်မည်။ ယုဒ ပြည် တပြည်လုံး ကို ဗာဗုလုန် ရှင်ဘုရင် လက် သို့ ငါအပ် သဖြင့် ၊ သူသည် ပြည်သား တို့ကို ဗာဗုလုန် မြို့သို့ သိမ်း သွား ၍ ၊ ထား နှင့် သတ် လိမ့်မည်။
¶ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လူ မ ရှိ၊ တိရစ္ဆာန် မရှိ၊ ဆိတ်ညံ သော ဤ အရပ် တွင် ၊ မြို့ ရွာရှိသမျှ တို့၌ သိုးစု ကို ထိန်းသော သိုးထိန်း နေရာ ရှိ လေဦး မည်။
သင်သည် ယုဒ ရှင်ဘုရင် ယောယကိမ် အား ပြော ဆိုရမည်မှာ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဗာဗုလုန် ရှင် ဘုရင်သည် ဆက်ဆက်လာ ၍ ဤ ပြည် ကို ဖျက်ဆီး လိမ့်မည်။ လူ နှင့် တိရစ္ဆာန် အပေါင်းတို့ကို သုတ်သင် ပယ်ရှင်းလိမ့်မည်ဟူသောစကား ကို အဘယ်ကြောင့် ရေး ထားသနည်းဟု သင်သည်ဆို ၍ စာလိပ် ကိုမီးရှို့ ပြီ။
သင် ၏သုံးစု တို့တွင် ၊ တစုသည်နာ ဘေးဖြင့် သေ ၍ ၊ သင် ၏အလယ် ၌ မွတ်သိပ် ခြင်းဘေးဖြင့် ဆုံး ရ လိမ့်မည်။ တစု သည်သင့် ပတ်လည် ၌ ထား ဘေးဖြင့် လဲ ၍ သေရလိမ့်မည်။ တစု ကိုအရပ်ရပ် တို့က လာသောလေ ရှေ့မှာငါလွှင့် ၍ ၊ သူ့ နောက် သို့ ထား ကို လွှတ် လိုက် မည်။
သို့ရာတွင် ၊ ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးတို့နှင့် လွတ်၍၊ ငါကျန်ကြွင်း စေသော သူ အချို့ တို့သည် မိမိ တို့ပြုဘူးသော စက်ဆုပ် ရွံ့ရှာဘွယ်အမှုရှိသမျှ တို့ကို၊ နောက်ရောက်သော တပါး အမျိုးသားနေရာပြည်တို့၌ ဘော်ပြ ကြလိမ့်မည်။ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိရ ကြလိမ့်မည်ဟု မိန့်တော်မူ ၏။
သို့မဟုတ် ၊ အိုထား ၊ ထို ပြည် ကိုလုပ်ကြံလော့ဟု ငါဆို လျက် ၊ ထား ဘေးကို ရောက် စေသောကြောင့်၊ လူ နှင့် တိရစ္ဆာန် တို့ကို ပယ်ဖြတ် လျှင် ၊
ထိုကြောင့် ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ယေရုရှလင် မြို့၌ လူ နှင့် တိရစ္ဆာန် တို့ကို ပယ်ဖြတ် ခြင်းငှါ ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ဖျက်ဆီးတတ်သောသားရဲဘေး၊ ကာလနာဘေးတည်းဟူသော၊ အလွန်ဆိုးသော ဘေးလေးပါးတို့ကို ငါစေလွှတ်သောအခါ ။ ထိုမျှမက လွှတ်ခဲလိမ့်မည်မဟုတ်လော။
ပြည်သားတို့သည် ပြု မိသော စက်ဆုပ် ဘွယ် အမှုအလုံးစုံ တို့ကြောင့် ၊ ထိုပြည် ကို ငါ သုတ်သင် ပယ်ရှင်းသောအခါ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်။
ထိုကြောင့် ၊ သင် တို့အတွက် ဇိအုန် တောင်သည် လယ် ကဲ့သို့ ထွန် ခြင်းကိုခံရလိမ့်မည်။ ယေရုရှလင် မြို့ သည်လည်း မြေပုံ များဖြစ် လိမ့်မည်။ ဗိမာန် တော်တောင် သည်လည်း ၊ တော တောင် ကဲ့သို့ဖြစ်လိမ့်မည်။
သူတို့သည် ဓား ဘေးဖြင့် ပျက်စီးခြင်းသို့ ရောက် ကြလိမ့်မည်။ အခြား သောပြည်အရပ်ရပ် သို့ ဖမ်း သွားကြလိမ့်မည်။ တစ်ပါး အမျိုးသားတို့သည် မိမိ တို့ အချိန် ကာလမ ပြည့်စုံ မှီတိုင်အောင်ယေရုရှလင် မြို့ကို ခြေနှင့် နင်း ကြလိမ့်မည် ။