TSK

TSK · ယောဘဝတ္ထု။ 21:14

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

မတရား သောသူသည် မာန ထောင်လွှား သောကြောင့် ၊ မ စဉ်းစား တတ်ပါ။ ဘုရား သခင်မ ရှိဟု အစဉ် အောက်မေ့ တတ်ပါ၏။

ထိုလူမျိုး ကို ငါရွံ သည်ဖြစ်၍ ၊ သူ တို့သည် စိတ် သဘောမှားယွင်း တတ်သော လူမျိုး ဖြစ်ကြ၏။ ငါ ၏ အလေ့ အလာတို့ကို နား မ လည်ကြဟု ငါဆို ရ၏။

အိုလူမိုက် တို့၊ သင်တို့သည်မိုက် သောအကျင့်ကို နှစ်သက် လျက် ၊ ကဲ့ရဲ့ သောသူတို့သည် ကဲ့ရဲ့ ခြင်း၌ မွေ့လျော် လျက် ၊ မိုက်မဲ သောသူတို့သည် ပညာ အတတ်ကို မုန်း လျက်၊ အဘယ် မျှကာလ ပတ်လုံးနေကြလိမ့်မည်နည်း။

လမ်း လွှဲ ကြပါ။ မှန်သောလမ်း ကို ရှောင် ကြပါ။ ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရားကို ငါ တို့ရှေ့ မှာ ကွယ် ထားကြပါဟု ပရောဖက် တို့အား ၎င်း ဆို တတ်ကြ၏။

ရန်သူသည် ထိုသူ အပေါင်း တို့ကို ငါးမျှား နှင့် မျှား လျက်၊ ကွန် နှင့် အုပ် လျက် ၊ ပိုက် နှင့် လှောင် လျက် ဝမ်းမြောက် ရွှင်လန်း တတ်၏။

ဂါဒရ ပြည်သူပြည်သားအပေါင်း တို့သည် အလွန် ကြောက်လန့် သောစိတ်စွဲ ၍ ၊ မိမိ တို့ပြည်က ထွက်သွား တော်မူမည်အကြောင်း တောင်းပန် ကြလျှင် ၊ ကိုယ်တော် သည် လှေ ထဲသို့ ဝင် ၍ ပြန် တော်မူ၏။

ထိုသူတို့သည် ဘုရားသခင် ကို မ သိ မမှတ် လို သည်ဖြစ်၍ ၊ မ လျောက်ပတ် သော အမှု ကို ပြု စေမည် အကြောင်း၊ ဘုရားသခင် သည် သူ တို့ကို မောဟ လက် သို့ အပ် လိုက်တော်မူသည်နှင့်အညီ ၊

ပျက်စီး ခြင်းသို့ရောက်သော သူ တို့တွင်၊ မတရား သော လှည့်ဖြား ခြင်းအမျိုးမျိုးနှင့်၎င်း လာလိမ့်မည်။ အကြောင်းမူကား ၊ ထိုသူ တို့သည် ကယ်တင် ခြင်းသို့ ရောက်အံ့သောငှာ သမ္မာတရား ၌ မွေ့လျော် သော စိတ်ကို မ ခံ မယူကြ။