TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 1:3

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

¶ အစ အဦး၌ ဘုရားသခင် သည် ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူ၏။

ထာဝရဘုရား ၏ နှုတ်ကပတ် တော်အားဖြင့် မိုဃ်းကောင်းကင် ကို၎င်း၊ နှုတ် တော်အသက် အားဖြင့် မိုဃ်း ကောင်းကင်တန်ဆာ များကို၎င်းဖန်ဆင်း တော်မူ၏။

မြေကြီး ကို ငါ လုပ် လေပြီ။ မြေကြီး ပေါ် မှာ လူ ကို လည်း ဖန်ဆင်း လေပြီ။ မိုဃ်းကောင်းကင် ကို ကိုယ် လက် နှင့် ငါ ကြက် လေပြီ။ မိုဃ်းကောင်းကင် တန်ဆာ အပေါင်း တို့ကို ငါခန့် ထားလေပြီ။

ထိုသူသည်ဤလောက ၌ ရှိ တော်မူပြီ။ ဤလောက ကိုလည်း ဖန်ဆင်း တော်မူပြီ။ သို့သော်လည်း ဤလောက သည် ထိုသူ ကိုမ သိ ။

အကြင်ဘုရားသခင်အထဲ က ခပ်သိမ်း သော အရာဖြစ်၍၊ အကြင်ဘုရားသခင် အဘို့ အလိုငှာငါ တို့သည် ဖြစ်ကြ၏။ ထိုခမည်းတော် ဘုရားသခင် တစ်ပါးတည်း သာ ငါ တို့၌ ရှိတော်မူ၏။ အကြင်သခင်အားဖြင့် ငါ တို့မှစ၍ ခပ်သိမ်း သောအရာဖြစ်ကြ၏။ ထိုသခင် ယေရှု ခရစ် တစ်ပါးတည်း သာငါတို့၌ရှိတော်မူ၏။

အကြောင်းမူကား ၊ ထိုသား တော်သည် ကောင်းကင် ပေါ် ၊ မြေကြီး ပေါ်မှာ ရှိသမျှသောရူပ အရာ၊ အရူပ အရာ၊ ရာဇပလ္လင် ဖြစ်စေ ၊ အစိုးရ ခြင်းတန်ခိုးဖြစ်စေ ၊ အထွဋ်အမြတ် ဖြစ်စေ ၊ အာဏာစက် ဖြစ်စေ ၊ ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်း တော်မူ၏။ ထိုသခင် အားဖြင့် ၎င်း ၊ ထိုသခင် အဘို့ အလိုငှာ၎င်း၊ ခပ်သိမ်း သောအရာတို့ သည် ဖန်ဆင်း လျက်ဖြစ်ကြ၏။။

တဖန် ကျမ်းစာလာသည်ကား၊ အိုထာဝရ ဘုရား၊ ကိုယ်တော် သည် ရှေးဦးစွာ ၌ မြေကြီး ကို တည် တော်မူပြီ။ မိုဃ်း ကောင်းကင်သည်လည်း လက် တော်နှင့် ဖန်ဆင်း သောအရာ ဖြစ် ပါ၏

အိုထာဝရ ဘုရား၊ ကိုယ်တော် သည် ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်း တော်မူပြီ။ ထိုအရာတို့သည် အလို တော်ကြောင့် ဖြစ်၍ ဖန်ဆင်း လျက်ရှိ ကြပါ၏။ ထိုကြောင့် ၊ ကိုယ်တော် သည်ဘုန်း အသရေ တန်ခိုး တော် ကို ခံစား ထိုက် တော်မူ၏ဟုလျှောက်ဆို ၍၊ ပလ္လင် တော် ရှေ့ ၌ မိမိ တို့သရဖူ များကိုချထား ကြ၏။