TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 12:13

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

နာမတော် သည် အစဉ် အမြဲတည် လိမ့်မည်။ နေ သည် တည်သမျှသောကာလ ပတ်လုံး နာမ တော်တိုးပွား လိမ့်မည်။ ကျေးဇူး တော်အားဖြင့် လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကိုခံရကြ၏၊ မင်္ဂလာရှိတော်မူသည်ဟု ချီးမွမ်းကြလိမ့်မည်။

ဣသရေလ အမျိုး၏ ရှင် ဘုရင်ထာဝရဘုရား ၊ ဣသရေလ အမျိုးကို ရွေးနှုတ် သော၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ သည် အဦး ဆုံးသောသူ၊ နောက် ဆုံးသောသူဖြစ်၏။ ငါမှတပါး အခြားသော ဘုရား သခင်မ ရှိ။

ထာဝရဘုရား သည် သင် ၏အပြစ် ဒဏ်တို့ကို ပပျောက် စေ၍၊ သင် ၏ရန်သူ တို့ကို ပယ်ရှား တော်မူပြီ။ ဣသရေလ အမျိုး၏ ရှင် ဘုရင်ထာဝရဘုရား သည် သင့် အလယ် ၌ ရှိတော်မူ၏။ သင်သည် နောက် တဖန်ဘေးဥပဒ် နှင့်မ တွေ့ မကြုံရ။

ငါဆို သည်ကား၊ ထာဝရ ဘုရား၏အခွင့် နှင့် ကြွလာ သောသူ သည်မင်္ဂလာ ရှိစေသောဟုသင် တို့မ ပြောမှီ တိုင်အောင်ယခု မှစ၍ သင်တို့သည်ငါ့ မျက်နှာကို မ မြင် ရကြ ဟု မိန့်တော်မူ၏။

အိုဇိအုန် သတို့သမီး ၊ မ စိုးရိမ် နှင့်။ သင် ၏အရှင် မင်းကြီးသည် မြည်းကလေး ကိုစီး ၍ သင်ရှိရာသို့ ကြွ တော်မူသည်ကို ကြည့်ရှု လော့ဟု ရေး ထားသည်နှင့်အညီ၊ ယေရှု သည်မြည်းကလေး ကိုတွေ့ ၍ စီး တော်မူ၏။

ပိလတ် မင်းသည်လည်း ကမ္ဗည်း လိပ်စာကိုရေး ၍ လက်ဝါးကပ်တိုင် တော်၌ တပ် လေ၏။ လိပ်စာချက်ဟူမူကား၊ ယုဒ ရှင်ဘုရင် ၊ နာဇရက် မြို့သားယေရှု ဟု ရေး ထားသတည်း။

မီး နှင့်ရော သော ဖန် ရေကန် ကဲ့သို့ ရှိသည်ကိုလည်း မြင် ရ၏။ သားရဲ နှင့်၎င်း၊ သူ ၏ရုပ်တု နှင့်၎င်း၊ သူ ၏နာမ အရေအတွက် နှင့်၎င်း၊ လွတ်၍ အောင်မြင် သော သူ တို့သည်၊ ဘုရားသခင် ၏ စောင်း တော်တို့ကို ကိုင် လျက်၊ ဖန် ရေကန် နား မှာ ရပ် နေကြသည်ကို မြင်ရ၏။