TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 14:3

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ငါ ၏အမှု ကို ဆောင်ရွက်သောသူ ဖြစ်လျှင်ငါ့ နောက်သို့လိုက် ရမည်။ ငါ ၏အမှုဆောင် သည်လည်း ငါ ရှိ ရာအရပ် ၌ ရှိ ရလိမ့်မည်။ ငါ ၏အမှုကိုဆောင်ရွက် သောသူ ဖြစ်လျှင် ထိုသူ ကိုခမည်းတော် သည် ချီးမြောက် တော်မူလတံ့။

ငါသည် ယခုသွား သော်လည်း သင် တို့ဆီသို့ လာ ဦးမည်ဟု ငါ ပြော သောစကားကို သင် တို့ကြား ရကြပြီ။ သင်တို့သည် ငါ့ ကိုချစ် လျှင် ခမည်းတော် ထံသို့ ငါသွား မည်ကို ဝမ်းမြောက် ကြလိမ့်မည်။ အကြောင်းမူကား ၊ ငါ့ ခမည်းတော် သည် ငါ့ ထက် သာ၍ကြီးမြတ်တော်မူ၏။

အိုဂါလိလဲ လူ တို့၊ အဘယ်ကြောင့် ကောင်းကင် သို့ ကြည့်မျှော် လျက်နေ ကြသနည်း။ သင် တို့နှင့်ခွာ၍ ကောင်းကင် သို့ ဆောင်ယူ ခြင်းကို ခံတော်မူသောထို ယေရှု သည် သင်တို့မျက်မှောက် ၌ ကောင်းကင် သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာ တော်မူလတံ့ ဟုပြောဆို ၏။

သား မှန်လျှင် အမွေခံ ၊ ဘုရားသခင် ၏ အမွေခံ ဖြစ်ကြ၏။ ခရစ်တော် နှင့်အတူဘုန်း ဝင်စားမည် အကြောင်း၊ ထိုသခင်နှင့်အတူဆင်းရဲ ဒုက္ခကိုခံရလျှင် ၊ ထိုသခင်နှင့်ဆက်ဆံသောအမွေခံ လည်း ဖြစ်ကြ၏။

ထိုအကျိုးနှစ် ပါး၏အကြား၌ ငါသည်ယခု ကျဉ်းမြောင်းစွာ နေရ၏။ စုတေ့၍ ခရစ်တော် နှင့်အတူ နေ ခြင်းငှာတောင့်တ လိုချင်သော စိတ်ရှိ ၏။ သာ၍ အလွန် ထူးမြတ် သောအကျိုးဖြစ်၏။။

သင် တို့သည် ခေါ် တော်မူခြင်းကျေးဇူးကို ခံထိုက် ကြသည်ဟု မှတ်တော်မူ၍၊ ကောင်းမြတ် တော်မူခြင်း၏ စေတနာ အပေါင်း နှင့် သင်တို့၏ယုံကြည် ခြင်းအမှု ကို တန်ခိုး နှင့် ပြည့်စုံ စေတော်မူမည် အကြောင်း ၊ ငါတို့သည် သင် တို့အဘို့ အစဉ် ဆုတောင်း ပဌနာပြုကြ၏။

ထိုနည်းတူ ၊ ခရစ်တော် သည် လူများ အပြစ် တို့ကို ခံခြင်းငှာတစ်ခါ တည်းကိုယ်ကိုပူဇော် ပြီးမှ၊ နောက်တစ်ဖန် ထိုသခင် ကို မြော်လင့် လျက် နေသောသူ တို့ကို ကယ်တင် ခြင်းအလိုငှာ ၊ အပြစ် နှင့်မ ဆိုင်ဘဲ ပေါ်ထွန်း တော်မူလတံ့။

ငါ သည်အောင်မြင် ၍ ငါ့ ခမည်းတော် ၏ ပလ္လင် တော်ပေါ်မှာ ခမည်းတော် နှင့်အတူ ထိုင် နေသကဲ့သို့ ၊ အောင်မြင် သော သူ သည်ငါ ၏ ပလ္လင် ပေါ်မှာ ငါ နှင့်အတူ ထိုင် နေရသောအခွင့်ကိုငါပေး မည်။

နောက်တစ်ဖန် ကျိန် ခြင်းဘေးတစုံတခု မျှမ ရှိ ။ ထိုမြို့ ၌ ဘုရားသခင် နှင့် သိုးသူငယ် ၏ ပလ္လင် တော်ရှိ ၍ ဘုရားသခင် ၏ ကျွန် တို့ သည် ဘုရား ဝတ်ကို ပြုကြ လိမ့်မည်။