ကိုယ် အကျိုး အလိုငှါ ၎င်း ၊ နောက် ဖြစ်လတံ့သော သား သမီးတို့၏ အကျိုးအလိုငှါ ၎င်း ၊ ငါ့ ကိုအစဉ် ကြောက်ရွံ့ စေခြင်းငှါ တညီတညွတ်တည်းကျင့်ကြံ နိုင်သော သဘော ကို ငါပေး မည်။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 17:21
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
ထိုပြည်တွင် ဣသရေလ တောင် တို့အပေါ်၌ လူ တ မျိုးတည်းဖြစ်စေ ၍၊ ရှင်ဘုရင် တ ပါးတည်းသာလျှင်ထိုသူ အပေါင်း တို့ကို စိုးစံ ရလိမ့်မည်။ နောင် တဖန် သူတို့ သည် လူ နှစ် မျိုးမ ဖြစ် ရ။ နှစ် တိုင်း နှစ်ပြည်ကွဲပြား လျက် မ ရှိရ။
ထာဝရဘုရား သည် တပြည်လုံး တွင် ရှင်ဘုရင် ဖြစ် တော်မူမည်။ ထိုနေ့ရက် ၌ ထာဝရဘုရား တပါး တည်း၊ နာမတော် တပါး တည်းဖြစ် တော်မူမည်။
လောကီသား တို့အားအပြစ် စီရင်ခြင်းငှာ ၊ ဘုရားသခင် သည်သား တော်ကို ဤ လောက သို့ စေလွှတ် တော်မူသည်မ ဟုတ်။ လောကီသား တို့သည် ကိုယ်တော် အားဖြင့် ကယ်တင် ခြင်းသို့ရောက်မည်အကြောင်း စေလွှတ် တော်မူ၏။
ဤ သိုးခြံ သို့ မ ဝင်သောအခြား သိုး တို့ကိုလည်း ငါပိုင် သေး၏။ ထို သိုးတို့ကို ငါ ဆောင်ခဲ့ ရ မည်။ သူတို့ သည်လည်း ငါ့ စကား သံကို နားထောင် သဖြင့်၊ သိုး ခြံတစ်ခု သိုးထိန်း တစ်ပါးတည်း ရှိ ရလိမ့်မည်။
ပြု လျှင်ငါ့ ကိုမ ယုံသော်လည်း ထိုအမှု တို့ကို ယုံ ကြလော့။ ထိုသို့ ယုံလျှင် ခမည်းတော် သည် ငါ ၌ ရှိတော်မူသည်ကို၎င်း၊ ငါ သည်ခမည်းတော် ၌ ရှိသည်ကို၎င်း ယုံ၍ သိမှတ် ကြလိမ့်မည် ဟု မိန့်တော်မူ၏။
သင် တို့သည် အချင်းချင်း ချစ် ကြလျှင် ၊ လူအပေါင်း တို့သည် ထို မေတ္တာကိုထောက်၍ သင်တို့သည် ငါ ၏ တပည့် ဖြစ် သည်ကို သိ ကြလိမ့်မည် ဟု မိန့်တော်မူ၏။
ထာဝရ အသက် ဟူမူကား၊ မှန် သောဘုရားသခင် တစ်ဆူတည်း ဖြစ်တော်မူသော ကိုယ်တော် ကို၎င်း ၊ စေလွှတ် တော်မူသော ယေရှု ခရစ် ကို၎င်းသိကျွမ်း ခြင်းတည်း။
ယခုမှစ၍ အကျွန်ုပ်သည် ဤလောက ၌ မ ရှိ ပါ၊ ဤသူ တို့မူကား ၊ ဤလောက ၌ ရှိ ရစ်ကြပါမည်။ အကျွန်ုပ် သည် ကိုယ်တော် ထံသို့ သွား ရပါမည်။ သန့်ရှင်း တော်မူသောအဘ ၊ ကိုယ်တော် နှင့်အကျွန်ုပ်သည် တစ်လုံးတစ်ဝတည်း ဖြစ်သကဲ့သို့ အကျွန်ုပ် အား ပေး တော်မူသော ဤသူတို့သည် ဖြစ် ရပါမည်အကြောင်း ၊ သူ တို့ကို ကိုယ်တော် ၏ နာမ ၌ တည် စေတော်မူပါ။
ငါ တို့သည် တလုံးတဝတည်း ဖြစ် သကဲ့သို့ ၊ အကျွန်ုပ် သည်သူ တို့၌ ရှိ၍ ၊
ထိုသူတို့သည်လည်း ဗိမာန် တော်၌ နေ့တိုင်း အစဉ်တစ် ညီတစ်ညွတ်တည်းနေ ၍ ၊ ကိုယ်အိမ် ၌ မုန့် ကိုဖဲ့ လျက် ကြည်ဖြူ ရွှင်လန်း ဝမ်းမြောက်သောစိတ် နှင့် အစာ အာဟာရကိုသုံးဆောင် ကြ၏။
ထိုအတူ ၊ အများ ဖြစ်သောငါတို့သည် ခရစ်တော် ၌ တစ် ကိုယ် တည်းဖြစ် ၍ ၊ အသီးအသီးအင်္ဂါ ချင်း ဖြစ်ကြ၏။
ဥပမာ ကား၊ ကိုယ် တစ်ခု တည်း၌ အင်္ဂါ အများ ရှိ သည်ဖြစ် ၍ ထို တစ်ခုတည်းသောကိုယ် အင်္ဂါ အပေါင်း တို့သည် များ လျက်နှင့် ကိုယ် တစ်ခု တည်းဖြစ် သကဲ့သို့ ၊ ထိုနည်းတူ ခရစ်တော် ဖြစ်၏။
ယေရှု ခရစ် ၌ ယုဒ လူမ ရှိ ၊ ဟေလသ လူမ ရှိ၊ ကျွန် မ ရှိ ။ လူ လွတ်မ ရှိ၊ ယောက်ျား မ ရှိ ၊ မိန်းမ မရှိ၊ ထိုသခင်၌ သင် တို့အပေါင်း သည် တလုံးတဝတည်း ဖြစ် ကြ၏။
သင်တို့သည် ရန်သူ များကြောင့် အလျှင်း မ ကြောက်ရွံ့ မတုန်လှုပ်ဘဲ၊ တစ်ပါးတည်းသော စိတ် ဝိညာဉ် ၌ တည် ၍၊ ဧဝံဂေလိ တရားနှင့် ဆိုင် သော ယုံကြည် ခြင်းအဘို့ အလိုငှာ တစ်ညီတစ်ညွတ် တည်း ကြိုးစားအားထုတ်ကြသည် အကြောင်းအရာကို၊ ငါ ရောက်လျှင် သင် တို့နှင့် မျက်မှောက်တွေ့ သည်ဖြစ်စေ၊ ကွာ လျက်နေသည် ဖြစ်စေ၊ ငါကြားသိ ရပါမည်အကြောင်း ၊ ခရစ်တော် ၏ ဧဝံဂေလိ တရားနှင့် အထိုက်အလျောက် ဝတ်ကြီးဝတ်ငယ်များကို ပြု၍သာနေ ကြလော့။။
ထို ဖန်ဆင်းပြုပြင်တော်မူရာ၌ ဟေလသ လူမ ရှိ ၊ ယုဒ လူမရှိ၊ အရေဖျားလှီး မင်္ဂလာခံခြင်းမရှိ၊ မခံခြင်းမရှိ၊ လူရိုင်း မရှိ၊ သကုသိ လူမရှိ၊ ကျွန် မရှိ၊ လူ လွတ်မရှိ၊ ခရစ်တော် သည် အလုံးစုံ တို့၌ အလုံးစုံ ဖြစ်တော်မူ၏။။
သို့ဖြစ်လျှင် ၊ ကောင်းကင်ဘုံ၌ ခမည်းတော်တစ်ပါး နှုတ်ကပတ်တော်တစ်ပါး၊ သန့်ရှင်းသော ဝိညာဉ်တော်တစ်ပါး၊ သက်သေခံ သုံး ပါးရှိ ၍ ထိုသုံး ပါးတို့သည် တလုံးတဝတည်း ဖြစ် တော်မူ၏။