သူတို့သည် ရေစာကို မ ငတ် မ မွတ် ရ။ အပူ ကို လည်း မ ခံ ရကြ။ နေ ရောင်ခြည်မထိရ။ အကြောင်း မူကား၊ သူ တို့ကို သနား သောသူသည် သူ တို့ကို ပို့ဆောင် ၍ ၊ စမ်း ရေ တွင်းအနား သို့ လမ်းပြ လိမ့်မည်။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 4:14
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
¶ ယေရှု ကလည်း၊ ငါ သည်အသက် မုန့် ဖြစ် ၏။ ငါ့ ထံသို့ လာ သောသူ သည်နောက်တဖန်အဆာအမွတ် မ ခံရ။ ငါ့ ကို ယုံကြည် သောသူ သည် နောက်တစ်ဖန် ရေငတ် မ ခံရ။
ငါ့ ကိုယုံကြည် သောသူ သည် ကျမ်းစာ လာ သည်အတိုင်း အသက် ရေ ထွက် ရာစမ်း ရေတွင်း ဖြစ်လိမ့်မည် ဟု မိန့် တော်မူ၏။
ငါ့ ကိုယုံကြည် ၍ အသက် ရှင်သောသူရှိသမျှ တို့သည်လည်း သေ ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် လိမ့်မည်။ ငါ့စကားကိုယုံ သလော ဟု မေး တော်မူလျှင်၊ မာသက၊ ဟုတ် ပါ၏သခင် ။
ကိုယ်တော်သည် သားတော်လက်သို့ အပ်ပေး တော်မူသမျှ သောသူ တို့အား ထာဝရ အသက် ကို ပေး စေခြင်းငှာ ၊ လူမျိုး အပေါင်း တို့ကို အစိုးရသောအခွင့် တန်ခိုးကိုသား တော်အား ပေး တော်မူသည်နှင့်အညီ ၊ သား တော် သည် ကိုယ်တော် ၏ဘုန်း ကို ထင်ရှားစေပါမည်အကြောင်း သား တော်၏ဘုန်း ထင်ရှားစေတော်မူပါ။
အပြစ် တရား၏ အခ ကား သေ ခြင်းပေတည်း။ ဘုရားသခင် ပေးတော်မူသော ဆု ကျေးဇူးတော်ကား ၊ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ထာဝရ အသက် ပေတည်း။
ထိုဘုရားသခင် သည် ငါ တို့ကိုတံဆိပ် ခတ်၍ ငါ တို့စိတ် နှလုံးထဲ၌ ဝိညာဉ် တော်တည်းဟူသောစားရန် ကိုသွင်းပေး တော်မူ၏။
ရွေးနှုတ် ခြင်းနေ့ရက် တိုင်အောင် သင် တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင် ၏သန့်ရှင်း သော ဝိညာဉ် တော်ကို စိတ် မ နာစေကြနှင့်။
ဘုရားသခင် ၏သား တော်သည်ကြွလာ ၍ ၊ မှန် သောဘုရားသခင်ကို သိသောဉာဏ် ကို ငါ တို့အား ပေး တော်မူသည်ကိုလည်း ငါတို့သိ ကြ၏။ မှန် သောဘုရားသခင်၌ ၎င်း ၊ သား တော်ယေရှု ခရစ် ၌ ၎င်းငါတို့သည် တည်လျက်ရှိ ကြ၏။ ထိုသူ သည်မှန် သော ဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရ အသက် လည်း ဖြစ် တော်မူ၏။