TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 4:38

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ငါ ၏ကျွန် ပရောဖက် အပေါင်း တို့ကို ငါသည် စောစော ထ၍ သင် တို့ရှိရာသို့ အထပ်ထပ်စေလွှတ် လျက်၊ ငါမုန်း သော အမှု၊ ဤ စက်ဆုပ် ရွံရှာဘွယ်သောအမှု ကို မ ပြု ပါနှင့်ဟု ပြော သော်လည်း ၊

ယေရှု သည် တရားစရပ် တို့၌ ဆုံးမ ဩဝါဒပေးလျက် ၊ နိုင်ငံ တော်နှင့်ယှဉ်သောဧဝံဂေလိ တရားကိုဟော လျက်၊ လူ တို့တွင် အနာ ရောဂါအမျိုးမျိုး တို့ကို ငြိမ်း စေလျက် ၊ ဂါလိလဲ ပြည်တစ်ပြည်လုံး ကို ဒေသစာရီ လှည့်လည် တော်မူ၏။

ထိုသူ ကိုလူအပေါင်း တို့သည် အမှီပြု ၍ယုံကြည် ခြင်းသို့ ရောက်မည်အကြောင်း ထိုသူ သည် သက်သေခံ ဖြစ်၍၊ အလင်း တော်၏အကြောင်း ကိုသက်သေခံ ခြင်းငှာ လာ ၏။

တရား နာ သောသူအများ တို့သည် ယုံကြည် ခြင်းသို့ရောက်၍ အရေအတွက် အားဖြင့်လူ ငါး ထောင် မျှလောက် ရှိကြ၏။

သခင် ဘုရား၌ ယုံကြည် သော ယောက်ျား ၊ မိန်းမ ၊ အပေါင်း တို့သည် သင်းဝင်ကြ၏။

ထိုကြောင့် အရပ်ရပ်သို့ကွဲပြား သော သူ တို့သည် လှည့်လည် ၍ နှုတ်ကပတ် တော်တည်းဟူသောဧဝံဂေလိတရားကို ဟောပြော ကြ၏။

ယောဟန် သည် ဗတ္တိဇံ တရားကို ဟော သည် နောက် ဂါလိလဲ ပြည်မှစ၍ ယုဒ ပြည်အရပ်ရပ် တို့၌ နှံ့ပြား သော အကြောင်း အရာကို သင် တို့သည် သိ ကြ၏။

ခရစ်တော် ခံတော်မူရသော ဆင်းရဲကို၎င်း ၊ ဆင်းရဲ ခံပြီးမှ ဝင်စားတော်မူရသော ဘုန်း စည်းစိမ်ကို၎င်း၊ သူ တို့အထဲ ၌ရှိသောခရစ်တော် ၏ဝိညာဉ် သည် သက်သေခံနှင့်သောအခါ၊ အဘယ် မည်သောသူကို၎င်း၊ အဘယ်သို့ သောအချိန်ကာလကို ၎င်း ဆိုလို တော်မူသည်ဟု မေးမြန်း ရှာဖွေကြ၏။