TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 5:38

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ထိုပညတ္တိ ကျမ်းစာ ၌ ရေး ထားသမျှ အတိုင်း ကျင့် မည်ဟု စောင့်ရှောက် ခြင်းအလိုငှါ ကျမ်းစာကို မဘတ် မရွတ်ဘဲမနေ၊ နေ့ ညဉ့် မပြတ် ကြည့်ရှုဘတ်ရွတ် ရမည်။ သို့ပြုလျှင်သင်သည် အကြံထမြောက်၍ အောင်မြင် လိမ့်မည်။

ဣသရေလ အမျိုးကို ရွေးနှုတ်တော်မူ၍၊ ထို အမျိုး၏ သန့်ရှင်း သော ထာဝရဘုရား သည်၊ အဘယ်သူမျှ မနှစ်သက် ၊ တပြည် လုံး ရွံရှာ ဘွယ်ဖြစ်၍၊ မင်း ထံ၌ ကျွန် ခံရသောသူအား မိန့် တော်မူသည်ကား ၊ သစ္စာ ရှိတော်မူ သော ထာဝရဘုရား ၊ သင့် ကို ရွေးကောက် တော်မူသောဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရား၏ ကျေးဇူးတော်ကြောင့် ၊ ရှင် ဘုရင်တို့သည် မြင် ၍ ထ ကြလိမ့်မည်။ မင်းသား တို့သည်လည်း ကိုးကွယ် ကြလိမ့်မည်။

သင် တို့သည် အာဗြဟံ အမျိုး ဖြစ်ကြသည်ကို ငါသိ ၏။ သို့သော်လည်း ငါ ၏ဒေသနာ သည် သင်တို့၌ တည် နေရာကိုမ ရသောကြောင့် သင်တို့သည် ငါ့ ကို သတ် အံ့သောငှာရှာကြံ ကြ၏။

¶ ယေရှု ကလည်း၊ ငါ့ ကိုယုံကြည် သောသူ သည် ငါ့ ကိုသာယုံကြည် သည်မ ဟုတ်၊ ငါ့ ကိုစေလွှတ် တော်မူသော သူ ကိုယုံကြည်၏။

ခရစ်တော် ၏ နှုတ်ကပတ် တရားသည် ပညာ အမျိုးမျိုး နှင့် သင် တို့အထဲ ၌ ကြွယ်ဝ စွာ တည်နေ ၍ သင်တို့သည် ဆာလံ သီချင်းမှစသောဓမ္မ သီချင်းအမျိုးမျိုးအားဖြင့် ၊ အချင်းချင်း တို့ကို ဆုံးမ သွန်သင် ခြင်း၊ သတိပေးခြင်းကိုပြု၍၊ နူးညွတ် သောစိတ်နှလုံးနှင့် ဘုရားသခင် ရှေ့တော်၌ တင့်တယ် လျောက်ပတ်စွာ သီချင်း ဆို ကြလော့။။

အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင်ရှိတော်မူသောသူကိုသိသောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။ လူပျို တို့၊ သင်တို့သည် ခွန်အား နှင့်ပြည့်စုံ၍၊ ဘုရားသခင် ၏နှုတ်ကပတ် တော်၌ မှီဝဲဆည်းကပ်သဖြင့် မာရ်နတ် ကိုအောင် သောကြောင့် ၊ သင် တို့အား ငါရေး ၍ ပေးလိုက်ခဲ့ပြီ။