ကိုယ်တော် ၏ အသက် ကိုသတ် အံ့သောငှါ လူ အချို့တို့သည် ထ ၍ ရှာ သော်လည်း ၊ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား သည် ကျွန်မ သခင် ၏ အသက် ကို အသက် ထုပ် ၌ နှောင်ဖွဲ့ တော်မူလိမ့်မည်။ ကိုယ်တော် ၏ ရန်သူ တို့အသက် ကိုမူကား ၊ လောက်လွှဲ ထဲက ပစ်သကဲ့သို့ပစ် တော်မူလိမ့်မည်။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 6:39
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
သိုးစု ငယ် ၊ သင်တို့သည် မ ကြောက် ကြနှင့်။ သင် တို့အဘ သည် သင် တို့အား နိုင်ငံ ကိုပေး ခြင်းငှာအလိုရှိ တော်မူ၏။
ခမည်းတော် သည် ငါ့ အား ပေး တော်မူသမျှ သောသူ တို့သည် ငါ ထံသို့ လာ ကြလိမ့်မည်။ ငါ့ ထံသို့ လာ သောသူ ကိုငါသည်အလျင်း မ ပယ် ။
ငါ့ ကို စေလွှတ် တော်မူသောခမည်းတော် သည် သွေးဆောင် တော်မ မူလျှင် ၊ အဘယ်သူ မျှ ငါ့ ထံသို့ မလာ နိုင် ။ လာသောသူ ကိုနောက်ဆုံး သောနေ့ ၌ ငါ ထမြောက် စေမည်။
ငါ့ သိုး တို့သည် ငါ့ စကား သံကိုနားထောင် ၍ ငါ့ နောက် သို့လိုက်ကြ၏။ ထိုသိုး တို့ကို ငါ သိ ၏။
ငါ့ ကိုပယ် ၍ ငါ့ စကား ကို နာ မ ခံသောသူ အားအပြစ် စီရင်သောသူ ရှိ သေး၏။ ငါဟောပြော သော စကား ပင် နောက်ဆုံး သောနေ့ ၌ ထိုသူ အားအပြစ် စီရင်လိမ့်မည်။
ကိုယ်တော်သည် အကျွန်ုပ် အား ပေး တော်မူသောသူ တို့တွင် အဘယ်သူ မျှပျက်စီး ခြင်းသို့ မ ရောက်ပါ ဟူသော အထက် က စကား တော်ကို ပြည့်စုံ စေခြင်းငှာ ဤသို့မိန့် တော်မူ၏။
ဘုရားသခင် ကို ချစ် သောသူ တည်းဟူသောကြံစည် တော်မူခြင်းအတိုင်း ခေါ် တော်မူသောသူ တို့၏ အကျိုး ကို ခပ်သိမ်း သောအရာတို့သည် တစ်ညီတစ်ညွတ် တည်း ပြုစုကြသည်ကို ငါတို့သိ ကြ၏။
အကြောင်းမူကား ၊ သင်တို့သည် သေ သောသူ ဖြစ်၍သင် တို့အသက် သည် ခရစ်တော် နှင့်အတူ ဘုရားသခင် ၌ ဝှက်ထား လျက်ရှိ၏။
သို့သော်လည်း ၊ သခင် ဘုရားသည် မိမိ လူ တို့ကို သိကျွမ်း တော်မူ၏ဟူ၍၎င်း၊ တံဆိပ် ခတ်လျက်ရှိ သော ဘုရားသခင် ၏ တိုက်မြစ် သည် ခိုင်ခံ့ ၍တည် ၏။
¶ ယေရှု ခရစ် ၏ ကျွန် ဖြစ်သောယာကုပ် ညီ ငါယုဒ သည် ခမည်းတော် ဘုရားသခင် သန့်ရှင်း စေတော်မူ၍၊ ယေရှု ခရစ် ခေါ် ထားစောင့်မ တော်မူသောသူတို့ကို ကြားလိုက်ပါ၏။