TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 7:42

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

¶ တဖန် ထာဝရဘုရား က၊ ရှောလုကို ဣသရေလ ရှင် ဘုရင်အရာမှ ငါ ပယ် သောကြောင့် ၊ သင် သည် အဘယ် မျှ ကာလပတ်လုံး စိတ် မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင် ၏ဘူး ကို ဆီ နှင့် ပြည့် စေလော့။ ဗက်လင် မြို့သားယေရှဲ ရှိရာသို့ ငါစေလွှတ် မည်။ သူ ၏သား တို့တွင် ငါ့ အဘို့ ရှင် ဘုရင်တပါးကို ငါပြင်ဆင် ပြီဟု ရှမွေလ အား မိန့် တော်မူ၏။

သင်၌ သား မ ရှိပြီလောဟု ယေရှဲ အား မေး လျှင် ၊ ယေရှဲက အငယ်ဆုံး သော သားရှိ ပါသေး၏။ သိုး တို့ကို ထိန်း ကျောင်းလျက် နေပါသည်ဟု ပြော ဆိုသော် ၊ ရှမွေလ က သူ့ ကို ခေါ် စေခြင်းငှါလူကို စေလွှတ် ပါ။ သူ မ ရောက် မှီ ပွဲသို့ ဝင်၍ မ ထိုင် ရဟု ဆို သည်အတိုင်း၊

ရှောလု က၊ အချင်း လုလင် ၊ သင် သည် အဘယ်သူ ၏ သား ဖြစ်သနည်းဟုမေး တော်မူ၏။ ဒါဝိဒ် ကလည်း ကျွန်တော်သည် ကိုယ်တော် ကျွန် ၊ ဗက်လင် မြို့သားယေရှဲ ၏သား ဖြစ်ပါသည်ဟု လျှောက် လေ၏။

သင် ၏ပလ္လင် ကိုလည်း လူမျိုး အဆက်ဆက်တည်စေမည်ဟု ငါ ရွေးကောက် သောသူနှင့် ငါသည် ပဋိညာဉ် ဖွဲ့ ၍ ၊ ငါ ၏ ကျွန် ဒါဝိဒ် အား ကျိန်ဆို ခြင်းကိုပြုပြီ။

အိုဗက်လင် ဧဖရတ် မြို့၊ အစိုးရသောယုဒ မြို့တို့ တွင် သင် သည် မြို့ငယ် မြို့ယုတ်ဖြစ် သော်လည်း ၊ ဣသရေလ အမျိုးကို အုပ်စိုး ရသောသခင်သည် ငါ့ အဘို့ သင် ၏ အထဲ မှာ ပေါ်ထွန်း လတံ့။ ထိုသခင်သည် ရှေး ကပ် ကမ္ဘာ မှစ၍ ပေါ်ထွန်း သော သခင်ဖြစ်၏။

ယနေ့ တွင် ဒါဝိဒ် မြို့ ၌ သခင် ခရစ်တော် တည်းဟူသောကယ်တင် သောအရှင်သည် သင် တို့အဘို့ အလိုငှာဘွားမြင် ခြင်းကိုခံတော်မူပြီ။