TSK

TSK · ရှင်လုကာခရစ်ဝင်။ 10:21

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ကိုယ်တော် ၏ရန်သူ တို့ကို ရည်ဆောင်၍ ရန်သူကို ၎င်း၊ အငြိုး ထားသောသူကို၎င်း ၊ တိတ်ဆိတ် စွာနေစေ ခြင်းငှါ ၊ နို့စို့ သူငယ် တို့၏နှုတ် ထဲ မှအစွမ်း သတ္တိကို စီရင် တော်မူ၏။

ထာဝရဘုရား ကို ကြောက်ရွံ့ သောသူ တို့သည် ကိုယ်တော် မြတ်နှင့် မိဿဟာယဖွဲ့ရသောအခွင့်နှင့် ပဋိညာဉ် တရားတော်ကို သိ ရသော အခွင့်ရှိကြ၏။

ထို ကာလ ၌ နားပင်း သောသူတို့သည် ကျမ်း စကား ကို ကြား ကြ လိမ့်မည်။ မျက်စိ ကန်းသောသူတို့သည် မြှေးရှက် ခြင်း၊ မှောင်မိုက် ခြင်းနှင့် ကင်းလွတ်၍ မြင် ကြ လိမ့်မည်။

မိမိ စိတ် ဝိညာဉ်ခံရသောဝေဒနာ ၏အကျိုးကို မိမိမြင် ၍ အား ရလိမ့်မည်။ ထိုဖြောင့်မတ် သော ငါ ၏ကျွန် ကို သိကျွမ်း ခြင်းအားဖြင့် ၊ သူသည် အများ သောသူတို့ ကို ဖြောင့်မတ် ရာ၌ တည်စေလိမ့်မည်။ သူ တို့၏အပြစ် ကို ကိုယ်တိုင် ဆောင်ရွက် ရ၏။

¶ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကောင်းကင် ဘုံသည် ငါ့ ပလ္လင် ဖြစ်၏။ မြေကြီး သည် ငါ့ ခြေ တင် ရာခုံ ဖြစ်၏။ အဘယ်သို့ သော ဗိမာန် ကို ငါ့ အဘို့ တည် ဆောက်ကြမည်နည်း။ အဘယ် အရပ်သည် ငါ ကျိန်းဝပ် ရာအရပ် ဖြစ်မည်နည်း။

¶ ထို အခါ ယေရှု က၊ ကောင်းကင် နှင့် မြေကြီး ကို အစိုးရတော်မူသောအဘ ၊ ကိုယ်တော်သည် ပညာ အလိမ္မာ နှင့် ပြည့်စုံသောသူတို့အား ဤအရာ များကို ထိမ်ဝှက် ကွယ်ထားလျက် သူငယ် တို့အား ဖော်ပြ တော်မူသည်ဖြစ်၍ ၊ ကျေးဇူး တော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။

¶ ယေရှု ကလည်း ၊ ရှိမုန် ဗာယောန ၊ သင်သည်မင်္ဂလာ ရှိ ၏။ အကြောင်းမူကား ၊ အသွေး အသား သည် အကြောင်းအရာကို သင့် အားဖော်ပြ သည်မ ဟုတ်။ ကောင်းကင် ဘုံ၌ ရှိတော်မူသောငါ့ ခမည်းတော် သည် ဖော်ပြတော်မူသတည်း။

ငါအမှန် ဆို သည်ကား၊ အကြင်သူ သည် ဘုရားသခင် ၏နိုင်ငံ တော်ကို သူငယ် ကဲ့သို့ မ ခံယူ ၊ ထိုသူသည် နိုင်ငံ တော်သို့ မ ဝင် ရ ဟု မိန့် တော်မူပြီးမှ၊

တွေ့ ပြီးလျှင် အဆွေ ခင်ပွန်းအိမ်နီးချင်း များကိုခေါ် ၍ ၊ ပျောက် သော ငွေ ကို ငါတွေ့ ပြီ။ ငါ နှင့်အတူဝမ်းမြောက် ကြလော့ဟု ဆို တတ်သည်မဟုတ်လော။

အိုအဘ ၊ ကိုယ်တော်သည် ဤကမ္ဘာ မ တည် မရှိမှီအကျွန်ုပ် ကိုချစ် ၍ အကျွန်ုပ် အား ပေး တော်မူသော ဘုန်း တော်ကို အကျွန်ုပ် အား ပေး တော်မူသောသူ တို့သည် ရှုမြင် ရမည်အကြောင်း ၊ အကျွန်ုပ် ရှိ ရာ အရပ် ၌ အကျွန်ုပ် နှင့်အတူ ရှိ နေစေခြင်းငှာ အကျွန်ုပ်အလိုရှိ ပါ၏။

သို့သော်လည်း ၊ စုံလင် သော သူတို့အား ငါတို့သည် ပညာ စကားကို ဟောပြော ၏။ ထိုသို့ဆိုသော်၊ လောကီ ပညာကို မ ဆိုလို။ ပြယ်ပျောက် တတ်သော လောကီ မင်း တို့၏ ပညာ ကိုမ ဆိုလို။

ငါ တို့ဟောပြောသော ဧဝံဂေလိ တရားသည် ဖုံးအုပ် လျက် ရှိ လျှင် ၊ ဆုံးရှုံး ခြင်းသို့ရောက်သော သူ တို့အားသာ ဖုံးအုပ် လျက်ရှိ ၏။

မိမိ စေတနာ ၏အလို တော်သို့လိုက်၍ အလုံးစုံ တို့ကို စီရင်ပြုပြင် တော်မူတတ်သော သူ ၏ကြံစည် ခြင်းရှိသည်အတိုင်း ၊ ရှေးမဆွက ခွဲခန့် မှတ်သားတော်မူသည်နှင့်အညီ ၊ ငါတို့သည် ထိုခရစ်တော် အားဖြင့် အမွေခံ ဖြစ်ကြ၏။