TSK

TSK · ရှင်မာကုခရစ်ဝင်။ 11:32

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ထိုအခါ ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်သူပြည်သား၊ ယော်ဒန် မြစ်နား မှာနေသောသူ အပေါင်း တို့သည် ယောဟန် ထံသို့ ထွက်သွား ၍၊

ယောဟန် ကိုသတ် ခြင်းငှာအလိုရှိ သော်လည်း ၊ လူ အပေါင်းတို့၏မျက်နှာကိုထောက် ၍ မသတ်ဝံ့ဘဲနေ ၏။ အကြောင်းမူကား ၊ ထိုသူတို့သည် ယောဟန် ကို ပရောဖက် ကဲ့သို့ ထင်မှတ် ကြသတည်း။

ကိုယ်တော် ကို ဘမ်းဆီး ခြင်းငှာရှာကြံ သော်လည်း စုဝေး သောသူများကို ကြောက် ကြ၏။ အကြောင်းမူကား ၊ ထိုသူတို့သည် ကိုယ်တော် ကို ပရောဖက် ကဲ့သို့ ထင်မှတ် ကြ၏။

¶ ထိုသူတို့သည် မိမိ တို့ကိုရည်ဆောင် ၍ ထို ဥပမာ စကားကို ဟောပြော တော်မူသည်ကို သိ သောကြောင့် ၊ ကိုယ်တော် ကို ဘမ်းဆီး ခြင်းငှာရှာကြံ ကြ၏။ သို့သော်လည်း စုဝေး သောသူ တို့ကို ကြောက် သောကြောင့် အထံ တော်မှ ထွက်သွား ကြ၏။

ယောဟန် သည် ပရောဖက် ဖြစ် သည်ကို လူ အပေါင်း တို့သည် ယုံ သဖြင့် ငါ တို့ကို ကျောက်ခဲ နှင့် ပစ် ကြလိမ့်မည်ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊

ယဇ်ပုရောဟိတ် အကြီးတို့နှင့် ကျမ်းပြု ဆရာတို့သည် ကိုယ်တော် ကို အဘယ်သို့ သတ် ရအံ့နည်းဟု ရှာကြံ ရကြသနည်းဟူမူကား၊ လူ များတို့ကို ကြောက် ကြ၏။

ထိုအခါ ဗိမာန်တော်မှူး သည် မင်း လုလင်တို့နှင့်အတူသွား ပြန်လျှင်၊ မိမိတို့ကို လူ များတို့သည် ကျောက်ခဲနှင့်ပစ် မည်ကိုစိုးရိမ် သောကြောင့် ၊ တမန်တော် တို့ကို အနိုင် အထက်မ ပြုဘဲ ခေါ်ဆောင် လေ၏။