မိုက် သောသူ၏ သဘောသို့လိုက်၍၊ သူ၏စကား ကို မ ချေ နှင့်။ ထိုသို့ ချေလျှင် သူ နှင့် တူ လိမ့်မည်။
TSK
TSK · ရှင်မာကုခရစ်ဝင်။ 11:33
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
ထာဝရဘုရားကလည်း၊ ထိုလူမျိုး ရှိရာသို့ သွား ပြီးလျှင် ၊ သင်တို့သည် ကြား လျက်ပင်၊ အနက်ကို နား မ လည် ဘဲ ကြား ကြလိမ့်မည်။ မြင် လျက်ပင်အာရုံ မ ပြုဘဲ မြင် ကြ လိမ့်မည်ဟု ပြော လော့။
ငါ့ ကျွန် မှတပါး အဘယ်သူ ကန်း သနည်း။ ငါစေလွှတ် သော တမန် ကဲ့သို့ အဘယ်သူသည် နားပင်း သနည်း။ ငါ့မိတ်ဆွေ ကဲ့သို့ အဘယ်သူ ကန်း သနည်း။ ထာဝရဘုရား ၏ ကျွန် ကဲ့သို့ အဘယ်သူကန်း သနည်း။
မိုဃ်းကောင်းကင် ၌ ကျင်လည်သော တောငန်း သော်လည်း ၊ မိမိ အချိန် ကို သိ တတ်၏။ ဥချိုး ၊ တီတီတွတ် ၊ ဇရက်သော်လည်း၊ မိမိ ပြန်လာ ချိန် ကို မှတ် တတ်၏။ ငါ ၏လူ မူကား ၊ ထာဝရဘုရား စီရင် တော်မူခြင်း ကို နား မ လည်တတ်။
ယဇ်ပုရောဟိတ် ၏နှုတ်ခမ်း သည် ပညာ ကို စောင့် ရမည်။ သူ ၏နှုတ် ၌ လူတို့သည် တရား တော်ကို ရှာ ရကြမည်။ အကြောင်း မူကား၊ သူ သည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား စေလွှတ်တော်မူသောတမန် ဖြစ်၏။
ဆိုးညစ် ၍ မျောက်မထား သောအမျိုး သည် နိမိတ် လက္ခဏာကိုတောင်း သည်မှာ၊ ပရောဖက်ယောန ၏ နိမိတ် လက္ခဏာမှတစ်ပါး အဘယ်လက္ခဏာ ကိုမျှ သူတို့အားမ ပြ ရာ ဟု မိန့် တော်မူပြီးလျှင်၊ ထိုသူ တို့ရှိရာမှထွက် ၍ ကြွ တော်မူ၏။
လမ်းပြ သောလူကန်း တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ ဗိမာန် တော်ကိုတိုင်တည် ၍ ကျိန်ဆို ခြင်းကို ပြုလျှင်မ တည် ။ ဗိမာန် တော်၏ ရွှေ ကိုတိုင်တည်၍ ကျိန်ဆို ခြင်းကိုပြုလျှင် တည်သည်ဟုသင်တို့ဆို ကြ၏။
အဘယ် ကဖြစ် သည်ကို အကျွန်ုပ်တို့မ သိ ပါဟု ပြန်ပြော ကြ၏။
¶ တဖန် ယေရှု က၊ သင် သည် ဣသရေလ လူတို့တွင် ဓမ္မဆရာ ဖြစ် လျက်ပင်ဤ အမူအရာကို မ သိ သလော။
သမ္မာတရား ကိုအဓမ္မ ဖြင့် ဆီးတား နှိပ်စက်သော သူ တို့ ပြုတတ်သော ဘုရားမဲ့ နေခြင်းအမှု၊ တရားကို လွန်ကျူးခြင်း အမှုအမျိုးမျိုး တို့ တစ်ဘက် ၌ဘုရားသခင် ၏ အမျက် တော်သည်ကောင်းကင် မှ ထင်ရှား လျက်ရှိ၏။
ယခု တိုင်အောင် လည်း ၊ မောရှ ၏ကျမ်းစာကို ဖတ် ကြသောအခါ ၊ သူ တို့စိတ် နှလုံးသည် ဖုံးအုပ် လျက် ရှိ သေး၏။
ပျက်စီး ခြင်းသို့ရောက်သော သူ တို့တွင်၊ မတရား သော လှည့်ဖြား ခြင်းအမျိုးမျိုးနှင့်၎င်း လာလိမ့်မည်။ အကြောင်းမူကား ၊ ထိုသူ တို့သည် ကယ်တင် ခြင်းသို့ ရောက်အံ့သောငှာ သမ္မာတရား ၌ မွေ့လျော် သော စိတ်ကို မ ခံ မယူကြ။