TSK

TSK · ရှင်မာကုခရစ်ဝင်။ 12:33

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

မီးရှို့ သောယဇ်မှစ၍ ယဇ် ပူဇော်ခြင်းအမျိုးမျိုးအတွက် ငါသည် သင် ၌အပြစ် မ တင်။ ထိုယဇ်တို့သည် ငါ့ ရှေ့ မှာ အစဉ် ရှိကြ၏။

ယဇ် ပူဇော်ခြင်းကို နှစ်သက်သည်ထက် ဖြောင့်မတ် စွာပြု ခြင်း၊ တရား သဖြင့် စီရင်ခြင်းကို ထာဝရဘုရား သည် သာ၍နှစ်သက် တော်မူ၏။

ငါနှစ်သက် သော အစာရှောင် ခြင်းသည် ထို သို့ သော လက္ခဏာရှိ သလော။ လူ သည် တ ရက်တွင် ခြိုးခြံ စွာကျင့် ခြင်း၊ ကိုင်း ပင်ကဲ့သို့ ဦးချ ခြင်း၊ အိပ်ရာဘို့ လျော်တေ နှင့်ပြာ ကို ခင်း ခြင်း၊ လက္ခဏာရှိလျှင်၊ အစာရှောင် ခြင်း ဟူ၍၎င်း ၊ ထာဝရဘုရား နှစ်သက် တော်မူသော နေ့ ရက်ဟူ၍၎င်း မှည့် အပ်သလော။

ယဇ် ပူဇော်ခြင်း အကျင့်ထက် သနားခြင်းကရုဏာ အကျင့်ကို၎င်း၊ မီးရှို့ ရာယဇ်ပူဇော်ခြင်းထက် ဘုရား သခင်နှင့် ကျွမ်းဝင် ခြင်းကို၎င်းငါနှစ်သက် ၏။

ငါသည် ထာဝရဘုရား ရှေ့တော်သို့ အဘယ် ပူဇော် သက္ကာပါ လျက် ချဉ်းကပ် ၍၊ အမြင့်ဆုံး သော ဘုရား သခင့်ရှေ့ တော်၌ ကိုးကွယ် ရမည်နည်း။ မီးရှို့ ရာယဇ်နှင့် အခါလည် သော နွားသငယ် တို့ကို ဆောင်လျက် ချဉ်းကပ် ရမည်လော။

ယဇ် ပူဇော်ခြင်းအကျင့်ထက် သနား ခြင်းကရုဏာအကျင့်ကို ငါနှစ်သက် ၏ဟူသော ကျမ်းစကားကို သင်တို့သည် နားလည် လျှင် ၊ အပြစ် ကင်းသောသူ တို့ကို အပြစ် မ တင် မစီရင်ကြပြီ။

ပညတ် တရားအတိုင်း ပြုရသော ဝတ် ကိုရည်ဆောင်လျက် ခရစ်တော်က၊ မီးရှို့ ရာယဇ်၊ အပြစ် ဖြေရာ ယဇ်အစ ရှိသောယဇ် များနှင့် ပူဇော် သက္ကာများတို့ကို ကိုယ်တော်သည် အလို တော်မ ရှိ၊ အားရနှစ်သက် တော် မ မူဟု အထက် ကဆို နှင့်ပြီးမှ၊