သို့သော်လည်း နားလည် နိုင်သောနှလုံး ၊ မြင် နိုင်သော မျက်စိ ၊ ကြား နိုင်သော နား တို့ကို ယနေ့ တိုင်အောင် ထာဝရဘုရား သည် ပေး တော်မ မူသေး။
TSK
TSK · ရှင်မာကုခရစ်ဝင်။ 8:18
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
ထို ရုပ်တုတို့ သည် နှုတ် ရှိ၍ စကား မ ပြောတတ်။ မျက်စိ ရှိ၍ မ မြင် တတ်။
နားပင်း သောသူတို့၊ ကြား ကြလော့။ မျက်စိကန်း သောသူတို့၊ သင်တို့သည် မြင် ရအံ့သောငှါ ကြည့်ရှု ကြလော့။
အို မျက်စိ ရှိလျက် နှင့် မ မြင် ၊ နား ရှိလျက် နှင့် မ ကြား ၊ ဉာဏ် မဲ့ သော လူမိုက် တို့၊ နားထောင် ကြလော့။
ဟေရှာယ ဟော ဘူးသောအနာဂတ် စကားဟူမူကား၊ သင်တို့သည် ကြား လျက်ပင် အနက်ကိုနား မ လည် ဘဲ ကြား ကြလိမ့်မည်။ မြင် လျက်ပင် အာရုံ မ ပြုဘဲမြင် ကြလိမ့်မည်။
သူတို့မျက်စိ မ မြင် ၊ စိတ် နှလုံးနား မလည်၊ အကျင့်မပြောင်းလဲ ၊ သူ တို့အနာ ရောဂါကို ငါမငြိမ်းစေသည် တိုင်အောင်သူ တို့မျက်စိ ကိုကွယ် စေတော်မူ၏။ သူ တို့ စိတ်နှလုံး ကိုမိုက် စေတော်မူ၏ဟူသောစကားကြောင့် ထိုသူတို့သည်ယုံကြည် ခြင်းသို့ မ ရောက်နိုင် ကြ။
ထိုသို့နှင့်အညီကျမ်းစာလာ သည်ကား၊ ဘုရားသခင် သည် အိပ် ချင်သောသဘော ကို၎င်း၊ မ မြင် နိုင်သော မျက်စိ ကို၎င်း၊ မ ကြား နိုင်သော နား ကို၎င်း ၊ ထိုသူ တို့အား ပေး တော်မူပြီဟုလာ၏။ ထိုကျမ်းစာချက်သည် ယနေ့ တိုင်အောင် ပြည့်စုံသတည်း။
ထိုကြောင့် ၊ ယခု ဟောပြောသောသမ္မာတရား ကို သင်တို့သည် နားလည် ၍ တည်ကြည် ခြင်းရှိသော်လည်း ၊ ဤသို့သောစကားများနှင့် သင် တို့အား အစဉ်မပြတ် သတိပေး မည် အမှုကို ငါမမေ့မလျော့။