TSK

TSK · ရှင်မဿဲခရစ်ဝင်။ 5:21

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ထိုမြို့ တို့ကား၊ လူအသက်ကိုသတ် သောသူသည် ပရိသတ် ရှေ့သို့ ရောက် ၍၊ တရား စီရင်ခြင်းကို မခံမှီ တိုင်အောင်၊ သေစားသေစေ သောသူ၏လက်မှ လွတ် ၍ မှီခို ရာမြို့ ဖြစ် ရသတည်း။

လူအသက် ကိုသတ် ၍ လူသတ် ဖြစ်သောသူ မည်သည်ကား၊ သက်သေခံ ချက် ရှိသည်အတိုင်း အသေ သတ်ခြင်းကို အမှန်ခံရမည်။ သို့ရာတွင် သက်သေ တယောက်တည်း သာရှိလျှင် မ သတ် ရ။

သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော မြို့ ရှိသမျှ တို့တွင် ၊ တရားသူကြီး ၊ အရာရှိ တို့ကို သင့် နေရာခရိုင်များ၌ အနှံ့အပြားခန့်ထား ရမည်။ သူတို့ သည်၊ လူမျိုး တို့တွင် တရား မှုကို တရား သဖြင့် စီရင် ရကြမည်။

¶ ရှင်ဘုရင် က၊ အပြစ် မရှိသောသူ ၏အသက်ကို ယွာဘ သတ် သော အပြစ် နှင့် ငါ မှစ၍ ငါ့ အဆွေ အမျိုးကင်းစင် မည်အကြောင်းသူ့စကား အတိုင်း ပြု လော့။ သူ့ ကို လုပ်ကြံ ၍ သင်္ဂြိုဟ် လော့။

သူ့မျက်စိ ကိုဖျက်လျှင် ကိုယ်မျက်စိ ဖျက်ခြင်းကိုခံစေ။ သူ့သွား ကိုချိုးလျှင် ကိုယ်သွား ချိုးခြင်းကို ခံစေ ဟူသော ပညတ် စကားကို သင်တို့ကြား ရပြီ။