ထာဝရဘုရား သည် ကာလ အစဉ်အမြဲ စိုးစံ တော်မူစေသတည်းဟု သီချင်းဆို ကြလေ၏။
TSK
TSK · ရှင်မဿဲခရစ်ဝင်။ 6:13
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့် ကို နှိမ့်ချ စုံစမ်း ၍ ၊ ပညတ် တော်တို့ကို ကျင့် ချင်သောစိတ် ရှိသည် မ ရှိသည်ကို သိ မည်အကြောင်း ၊ လွန်ခဲ့ပြီး သော အနှစ် လေးဆယ် ပတ်လုံးတော ၌ ပို့ဆောင် တော်မူသော လမ်း ခရီးတရှောက်လုံး ကို အောက်မေ့ ရမည်။
ထာဝရဘုရား စက်ဆုပ် ရွံရှာသောအရာ၊ လက်သမား လက် နှင့် ထု လုပ်သော ရုပ်တု ၊ သွန်း သော ဆင်းတုကို လုပ်၍ မ ထင်ရှားသော အရပ်၌ ထား သောသူ သည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
ယာဗက် ကလည်း ၊ ကိုယ်တော်သည် အကျွန်ုပ် ကို အစဉ်ကောင်းကြီး ပေး၍ ၊ အကျွန်ုပ် နေရာ ကို ကျယ်ဝန်း စေတော်မူပါ။ အကျွန်ုပ်သည် ဘေးဥပဒ် အနှောင့်အရှက်နှင့် ကင်းလွတ်ပါမည်အကြောင်း၊ လက် တော်သည် အကျွန်ုပ် ဘက် ၌နေ ၍ ကွယ်ကာ စောင့်မတော်မူပါဟု ဣသရေလ အမျိုး၏ ဘုရား သခင်အား ဆုတောင်း တတ်၍၊ တောင်း သော ဆုကို ဘုရား သခင်ပေး သနားတော်မူ၏။
အိုထာဝရဘုရား ၊ ကိုယ်တော် သည် ဘုန်း တန်ခိုး အာနုဘော်၊ အောင်မြင်ခြင်းအခွင့်၊ အာဏာတော်နှင့် ပြည့်စုံတော်မူ၏။ ကောင်းကင် မြေကြီး ၌ ရှိရှိသမျှ ကို ပိုင်တော်မူ၏။ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အစိုးရတော်မူ၏။ ခပ်သိမ်း သောသူတို့၏ အထွဋ် ၊ မြင့်မြတ်တော်မူ ၏။
ဣသရေလ အမျိုး၏ ဘုရား သခင် တည်း ဟူသော ထာဝရဘုရား သည် ကမ္ဘာ အဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း။ အာမင် နှင့် အာမင်။
အကြောင်း မူကား၊ ဘုရား သခင်သည် မြေကြီး တပြင်လုံး ကိုအစိုးရသောမင်း ဖြစ်တော်မူ၏။ ချီးမွမ်းခြင်း ထောမနာ သီချင်း ကို ဆိုကြလော့။
ထာဝရဘုရား သည် ကမ္ဘာ အဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း။ အာမင် နှင့် အာမင် ။
ထာဝရဘုရား သည် မ ကောင်းသောအမှုအရာ အလုံးစုံ တို့ကို ကွယ်ကာ ၍၊ သင် ၏အသက် ကို စောင့် တော်မူလိမ့်မည်။
အကျွန်ုပ် မှ အနတ္တ နှင့် မုသာ ကိုပယ် တော်မူပါ။ ဆင်းရဲ ခြင်း နှင့် ငွေ ရတတ်ခြင်းကိုပေး တော်မ မူပါနှင့်။ အသက်မွေးလောက်သောအစာ ကိုသာ ပေး တော်မူပါ။
အာမင် ၊ ထာဝရဘုရား ပြု တော်မူပါစေသော။ ဗိမာန် တော်တန်ဆာ များနှင့်တကွ ၊ ဤ အရပ် မှ ဗာဗုလုန် မြို့သို့ သိမ်း သွားသော သူများအပေါင်း တို့ကို၊ ထာဝရဘုရား သည် တဖန်ဆောင် ခဲ့၍၊ သင်ဟောပြော သော စကား မှန် ကြောင်းကို ပြ တော်မူပါစေသော။
ကာလ အချိန်စေ့ သောအခါ၊ ငါ နေဗုခဒ်နေဇာ သည် ကောင်းကင် သို့ မျှော်ကြည့်၍ သတိရပြန်လျှင်၊ အမြင့်ဆုံး သောဘုရားကို ကောင်းကြီး ပေး၍ ၊ ထာဝရ အသက် ရှင်တော်မူသောဘုရားကို ချီးမွမ်း ထောမနာ ပြု၏။ အာဏာ တော်သည် ထာဝရ အာဏာ ဖြစ်၏။ နိုင်ငံ တော်သည် ကမ္ဘာ အဆက်ဆက်တည်၏။
သင် ၏စကား မှာ ဟုတ် သည်ကိုအဟုတ် ၊ မ ဟုတ်သည်ကို မ ဟုတ်ဖြစ် စေလော့။ ဤ ထက်လွန် သော စကားသည် မကောင်း သောအရာနှင့်စပ်ဆိုင်ပေ ၏။
စုံစမ်း နှောင့်ရှက်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ဆုတောင်း လျက်စောင့် နေကြလော့။ စိတ်ဝိညာဉ် ကား စေတနာ ရှိငြားသော်လည်း ၊ ကိုယ် မူကား အားနည်း သည် ဟု ပေတရု အား မိန့် တော်မူပြီးမှ ၊
¶ တဖန် သခင်ဘုရားက ၊ ရှိမုန် ၊ ရှိမုန် ၊ ဂျုံဆန် ကို ဆန်ခါ နှင့်ချသကဲ့သို့ စာတန် သည် သင် တို့ကို ချရမည်အကြောင်း အခွင့်တောင်းသည်ဖြစ်၍၊
လူ ၌ဖြစ်တတ်သော စုံစမ်း နှောင့်ရှက်ခြင်းကိုသာ သင် တို့သည် ခံရ ကြ၏။ ဘုရားသခင် သည် သစ္စာ နှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ သင် တို့ မ ခံနိုင် သော စုံစမ်း နှောင့်ရှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှာအခွင့် ပေး တော်မမူ။ သင်တို့သည် ခံ နိုင် မည်အကြောင်း စုံစမ်း နှောင့်ရှက်ခြင်းအရာနှင့်တကွ ၊ ထွက်မြောက် သော လမ်းကိုလည်း စီရင်ပြုပြင် တော်မူလိမ့်မည်။
ထိုသခင်မှာ ဘုရားသခင် ၏ ဂတိ တော်ရှိသမျှ တို့သည် ငါ တို့ အားဖြင့် ဘုန်း အသရေတော်ကိုထင်ရှားစေခြင်းအလိုငှာ၊ ဟုတ်မှန် ၏ဟူ၍၎င်း ၊ အာမင် ဟူ၍၎င်းဖြစ် သတည်း။
ထိုသခင် သည် ငါ တို့အဘ တည်းဟူသောဘုရားသခင် ၏အလို တော်နှင့်အညီ ဆိုးညစ် သော ဤပစ္စုပ္ပန် ဘဝ မှ ငါ တို့ကို ကယ်နှုတ် ခြင်းငှာ ၊ ငါ တို့အပြစ် ကြောင့် ကိုယ်ကိုကိုယ် အပ်ပေး တော်မူ၏။
သို့သော်လည်း ၊ သခင် ဘုရားသည် သစ္စာ နှင့် ပြည့်စုံတော်မူ၏။ သင် တို့ကိုမြဲမြံ စေ၍ ၊ မကောင်း အမှုအရာနှင့် ကင်းလွတ်စေခြင်းငှာစောင့်မ တော်မူလိမ့်မည်။
မရဏာ နှင့်ကင်းလွတ်သော သူတစ်ပါး တည်းဖြစ် တော်မူသော၊ အဘယ်သူမျှမ ချဉ်းကပ်နိုင်သော အလင်း ထဲ၌နေ တော်မူသောအဘယ်သူ မျှမမြင် ဘူးရာ၊ မ မြင် နိုင် ရာ ဖြစ်တော်မူသော၊ မင်္ဂလာ ရှိသော တစ်ပါးတည်း သော အရှင် ဖြစ်တော်မူသော၊ ဘုရင် တကာ တို့၏ ဘုရင် ၊ သခင် တကာ တို့၏သခင် သည်၊ ကာလ အချိန်ရောက်သောအခါ၊ သခင်ယေရှုခရစ်၏ ထင်ရှားပေါ်ထွန်းခြင်းကို ပြ တော်မူလိမ့်မည်။
ထိုသူငယ် တို့သည် အသွေး အသား နှင့် ဆက်ဆံ ကြသောကြောင့် ၊ ခရစ်တော်သည် အသေခံ တော်မူသောအားဖြင့် ၊ သေ ခြင်းတရားကို အစိုးရ သော သူတည်းဟူသောမာရ်နတ် ၏ တန်ခိုးကိုချိုးဖဲ့ ဖျက်ဆီးခြင်းငှာ ၎င်း
သမ္မာ သတိရှိလျက် မအိပ်ဘဲစောင့် နေကြလော့။ သင် တို့၏ ရန်သူ တည်းဟူသောမာရ်နတ် သည်၊ ဟောက် သောခြင်္သေ့ ကဲ့သို့ အဘယ်သူ ကို မျိုရ မည်နည်းဟူ၍လှည့်လည် ရှာဖွေ လျက်ရှိ၏။
မာရ်နတ် သည်ရှေ့ဦးစွာ မှစ၍ ဒုစရိုက် ကိုပြု သောသူ ဖြစ် သောကြောင့် ၊ အကြင်သူသည်ဒုစရိုက် ကို ပြု၏။ ထိုသူသည်မာရ်နတ် နှင့် ဆိုင်၏။ မာရ်နတ် အမှု တို့ကို ပယ်ဖျက် ခြင်းငှာ ၊ ဘုရားသခင် ၏ သား တော်သည် ထင်ရှား ပေါ်ထွန်းတော်မူ၏။
အသက် ရှင်သောသူ လည်း ဖြစ် ၏။ ငါ သည် အရင်သေ သည် ဖြစ်၍ ၊ ကမ္ဘာ အဆက်ဆက်အသက် နှင့် ပြည့်စုံ၏။ မရဏာ နှင့် မရဏာ နိုင်ငံ ကိုလည်း ငါအစိုးရ ၏။
သင်သည် ငါ ၏သည်းခံ ခြင်းနှင့် စပ်ဆိုင်သော နှုတ်ကပတ် တရားကိုစောင့်ရှောက် သောကြောင့် ၊ မြေကြီး အပေါ် ၌နေ သောသူ တို့ကိုစုံစမ်း စေခြင်းငှာ၊ လောကီ နိုင်ငံအရပ်ရပ် တို့ကို နှံ့ပြား လတံ့သော စုံစမ်း ရာ ကာလ တွင် ၊ သင့် ကိုငါ စောင့်ရှောက် မည်။
ကောင်းကင် ၊ မြေကြီး ၊ မြေကြီး အောက် ၊ သမုဒ္ဒရာ အထဲ ၊ အရပ်ရပ်တို့၌ ရှိရှိသမျှ သော ဝေနေယျ သတ္တဝါ အပေါင်း တို့က၊ ပလ္လင် တော်ပေါ်မှာ ထိုင် တော်မူသောသူ နှင့် သိုးသူငယ် သည် ကမ္ဘာ အဆက်ဆက်ကောင်းကြီး မင်္ဂလာ၊ ဂုဏ် အသရေ၊ ဘုန်း အာနုဘော်၊ အစွမ်း သတ္တိရှိတော်မူစေသတည်းဟု ပြောဆို ကြသည်ကို ငါကြား လေ၏။
¶ ထိုနောက်မှ ကောင်းကင် ဘုံ၌ စည်းဝေး သော သူအများ တို့၏ အသံ ကြီး ကား၊ ဟာလေလုယ ၊ ငါ တို့ဘုရားသခင် ၏ ကယ်တင် တော်မူခြင်းချမ်းသာ၊ ဘုန်း အသရေတန်ခိုး တော်ပေတည်း။
ဘုရားသခင်သည် သူ တို့၏ မျက်စိ ၌ မျက်ရည် ရှိသမျှ တို့ကို သုတ် တော်မူမည်။နောက်တစ်ဖန် သေ ဘေး မ ရှိ ရ။စိတ်မသာညည်းတွား ခြင်း၊အော်ဟစ် ခြင်း၊ပင်ပန်း ခြင်းလည်း မ ရှိ ရ။အကြောင်းမူကား ၊ရှေး ဖြစ် ဘူးသောအရာတို့သည် ရွေ့သွား ကြပြီ။