ထာဝရဘုရား ကို မ ပုန်ကန် ကြပါနှင့်။ ထိုပြည်သူ ပြည်သားတို့ကို မ ကြောက် ကြနှင့်။ သူ တို့သည် ငါ တို့ စားစရာ ဘို့ဖြစ်ကြ၏။ သူ တို့၌ အမှီတကဲ မ ရှိ။ ထာဝရဘုရား သည် ငါ တို့ဘက်၌ ရှိတော်မူ၏။ သို့ဖြစ်၍သူ တို့ကို မ ကြောက် ကြနှင့်ဟု ပြောဆို ကြလေသော်။
TSK
TSK · တောလည်ရာကျမ်း 21:34
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
ကျွန်ုပ် တို့ ရှောက်သွား ရသောအခွင့် ကို ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် မင်းသည် မ ပေး။ အကြောင်း မူကား၊ ယနေ့ ထင်ရှားသည်အတိုင်း၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် ထိုမင်း ကို သင် တို့လက် ၌ အပ် ခြင်းငှါ ၊ ခက်ထန် သောစိတ် သဘော၊ ခိုင်မာ သောနှလုံးကို သူ ၌ ပေးသွင်းတော်မူ၏။
ထာဝရဘုရား ကလည်း ၊ သူ့ ကိုမ ကြောက် နှင့်။ သူ နှင့်တကွ သူ ၏ လူ အပေါင်း တို့ကို၎င်း ၊ သူ့ မြေ ကို၎င်း၊ သင့် လက် ၌ ငါအပ် ပေးမည်။ ဟေရှဘုန် မြို့နေ အာမောရိ ရှင်ဘုရင် ရှိဟုန် ကို ပြု သကဲ့သို့ ဤ မင်းကိုလည်း ပြု ရ မည်ဟု ငါ့ အား မိန့် တော်မူ၏။
ထို လူမျိုး တို့သည် ငါ့ ထက် သာ၍များ ၏။ ငါသည် သူ တို့ကို အဘယ်သို့ နှင်ထုတ် နိုင် မည်နည်းဟု သင် သည် စိတ် ထဲမှာ အောက်မေ့ လျက်၊
သူ တို့ကြောင့် ထိတ်လန့် ခြင်း မ ရှိရ။ အကြောင်း မူကား၊ တန်ခိုးကြီး ၍ ကြောက်မက် ဘွယ်သောသင် ၏ ဘုရား သခင်ထာဝရဘုရား သည် သင် တို့တွင် ရှိတော်မူ ၏။
အိုဣသရေလ အမျိုးသားတို့၊ ယနေ့ သင် တို့သည် စစ်တိုက် ခြင်းငှာ ရန်သူ တို့ကို ချဉ်း ကြပြီ။ သူ တို့ကြောင့် စိတ်ပျက် ခြင်း၊ ကြောက်ရွံ့ ခြင်း၊ တုန်လှုပ် ခြင်း၊ ထိတ်လန့် ခြင်း မ ရှိကြနှင့်။
ထိုအခါ သင် တို့သည် ကင်းထိုး လျက် နေရာအရပ်မှ ထ ၍ မြို့ ကိုတိုက် လျှင်၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် သင် တို့လက် ၌ အပ် တော်မူမည်။
ယောရှု ကလည်း သင် တို့တိုက် ရသောရန်သူ အပေါင်း တို့ကို ထာဝရဘုရား သည် ဤ ကဲ့သို့ပြု တော်မူမည် ဖြစ်၍ မ ကြောက် ကြနှင့်၊ စိတ် မ ပျက်ကြနှင့်။ အားယူ ၍ ရဲရင့် ခြင်းရှိကြလော့ဟု ဆို ပြီးမှ၊
တဖန် ဒါဝိဒ် သည် ထပ်၍ ထာဝရဘုရား အား မေးလျှောက် လျှင် ၊ ထာဝရဘုရား က၊ ထ ၍ ကိလ မြို့သို့ သွား လော့။ ဖိလိတ္တိ လူတို့ကို သင့် လက် ၌ ငါ အပ် မည်ဟု မိန့် တော်မူသည်အတိုင်း၊
¶ ထိုအခါ ပရောဖက် တပါး သည် ဣသရေလ ရှင်ဘုရင် အာဟပ် ထံသို့ လာ ၍ ၊ ထာဝရဘုရား မိန့် တော်မူသည် ကား၊ ထို ကြီးစွာ သော အလုံးအရင်း အပေါင်း ကို မြင် ပြီလော။ သင့် လက် ၌ ယနေ့ ငါ အပ် မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်သိ ရလိမ့်မည်ဟု အမိန့် တော်ကို ဆင့်ဆို၏။
ထို အမှုသည် ထာဝရဘုရား ရှေ့ တော်၌ သာမည အမှုဖြစ်သေး၏။ မောဘ လူတို့ကိုလည်း သင် တို့လက် သို့ အပ် တော်မူမည်
အကြောင်း မူကား၊ သင် ၏ဘုရား သခင်ထာဝရဘုရား က၊ မ စိုးရိမ် နှင့်။ ငါ မစ မည်ဟု သင့် အား ဆို လျက်၊ သင် ၏လက်ျာ လက်ကို ကိုင် မည်။