ထာဝရဘုရား အား ပြုရသော မိဿဟာယ ယဇ် ပူဇော်ခြင်းတရား ဟူမူကား ၊
TSK
TSK · တောလည်ရာကျမ်း 29:39
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
သစ္စာ ဂတိရှိ၍ ပြုသောပူဇော်သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာ သိုး ၊ ဆိတ်၊ နွား ကို ထာဝရဘုရား အား ယဇ် ပူဇော် လိုလျှင် ၊ စိတ် တော်နှင့် တွေ့ခြင်းငှါ စုံလင် ရမည်။ အပြစ်တစုံတခုမျှ မရှိရ။
ထို နေ့ ၌ အဘယ် အလုပ် ကိုမျှ မ လုပ် ရ။ သင် တို့ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ ကိုယ်အပြစ် ဖြေခြင်းကို ပြုရသောနေ့ ဖြစ်၏။
ဤရွေ့ကား ၊ သစ္စာ ပြုသော နာဇရိ လူသည်၊ အလိုအလျောက်တတ်နိုင် သမျှ မှတပါး၊ မိမိ ခြားနား ခြင်းအတွက် ၊ ထာဝရဘုရား အား ဆက်ရသောပူဇော်သက္ကာ နှင့် ဆိုင် သော တရား ပေတည်း။ သစ္စာ ပြုသည်အတိုင်း ၊ ခြားနား ခြင်းတရား နှင့်အညီ ပြု ရမည်ဟု မိန့်တော်မူ၏။
ထို အရပ်သို့ သင် တို့သည် မီးရှို့ ရာယဇ်အစ ရှိ သော ယဇ် များ၊ ဆယ် ဘို့တဘို့ ပူဇော်သက္ကာ၊ ချီးမြှောက်ရာပူဇော် သက္ကာ၊ သစ္စာ ဂတိနှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာမှစ၍ ၊ သိုး နွား တွင် အဦး ဘွားသော သားငယ်တို့ကို ဆောင် ခဲ့ရကြမည်။
ထာဝရဘုရား ၏ ပညတ္တိ ကျမ်း၌ ရေးထား သည် အတိုင်း ၊ နေ့ရက်အစဉ် နံနက် အချိန်၊ ညဦး ချိန်၊ ဥပုသ် နေ့၊ လဆန်း နေ့၊ ဓမ္မပွဲနေ့တွင် မီးရှို့ရာယဇ်ပူဇော်စရာဘို့၊ ဘဏ္ဍာတော်ထဲက ဥစ္စာတဘို့ကို ထုတ်၍လှူတော်မူ၏။
ကျမ်းစာ လာသည်အတိုင်း ၊ သကေနေ ပွဲ ကိုလည်းခံ၍ တရား နှင့်အညီ နေ့ တိုင်းပြုသင့်သော ဝတ်ကိုပြုလျက်၊ နေ့တိုင်းမီး ရှို့ရာယဇ်တို့ကို အရေ အတွက်နှင့် ပူဇော် ကြ၏။
ထို မှတပါး၊ ငါ တို့ဘုရား သခင်၏ အိမ် တော်အမှု တည်းဟူသောဥပုသ် နေ့နှင့် လဆန်း နေ့တွင် ရှေ့တော် မုန့် ၊ မြဲ သောဘောဇဉ်ပူဇော်သက္ကာ ၊ မြဲ သောမီးရှို့ရာယဇ် ၊ ဓမ္မပွဲ ၊ သန့်ရှင်း သောအသုံးအဆောင်၊ ဣသရေလ အမျိုး၏အပြစ်ဖြေရာယဇ် အစရှိသော ငါ တို့၏ဘုရားသခင် အိမ် တော်အမှု အလုံးစုံ ကိုဆောင်ရွက်စရာဘို့၊ လူတိုင်းတနှစ် လျှင်ငွေတကျပ် သုံး စုတစုစီပေး ရမည်အကြောင်းကိုယ် အဘို့စီရင်ထုံးဖွဲ့ ကြ၏။
သင်တို့သည်စား သော်၎င်း၊ သောက် သော်၎င်း၊ မည်သည့် အမှုကို ပြု သော်၎င်း၊ ဘုရားသခင် ၏ ဘုန်း တော်ကို ထောက် ၍ခပ်သိမ်း သောအမှုကိစ္စကို ပြု ကြလော့။