လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ ၊ သားဦး အပေါင်း တို့ကို ငါ့ အဘို့ သန့်ရှင်း စေလော့။ ငါ့ ဥစ္စာဖြစ်ကြသည်ဟု မိန့် တော်မူ၏။
TSK
TSK · တောလည်ရာကျမ်း 3:13
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
ဖာရော ဘုရင်သည်၊ ငါ တို့ကို အလွယ်တကူမ လွှတ် ဘဲနေသောအခါ ၊ အဲဂုတ္တု ပြည် ၌ လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ၊ သားဦး အပေါင်း တို့ကို ထာဝရဘုရား ကွပ်မျက် တော်မူ၏။ ထိုကြောင့် အဦး ဘွားသော တိရစ္ဆာန် အထီး ရှိသမျှ တို့ကို ထာဝရဘုရား အား ယဇ်ပူဇော် ရမည်။ ကိုယ် သား တို့တွင် သားဦး ကို ရွေး ရမည်ဟု ပြန်ဆို ရမည်။
သားဦး အပေါင်း တို့သည် ငါ့ ဥစ္စာဖြစ်ကြ၏။ သင် ၏တိရစ္ဆာန် တို့တွင်လည်း ၊ နွား ဖြစ်စေ ၊ သိုး ဖြစ်စေ၊ သားဦး အပေါင်း တို့သည် ငါ့ဥစ္စာဖြစ်ကြ၏။ သို့ရာတွင် ၊ မြည်း သားဦး ကို သိုး သငယ်နှင့် ရွေး ယူရမည်။
ဣသရေလ အမျိုး သားဦး အပေါင်း တို့အတွက် လေဝိ သားတို့ကို၎င်း ၊ ဣသရေလ အမျိုးသား တို့၌ တိရစ္ဆာန် သားဦး အပေါင်း တို့အတွက် လေဝိ သား တို့၌ ရှိသောတိရစ္ဆာန် များကို၎င်း၊ ငါ့ အဘို့ ယူ လော့။ ငါ သည် ထာဝရဘုရား ဖြစ်သည်ဟု၊
ထိုသို့ သင် တို့၏ ညီအစ်ကို လေဝိ သားတို့ကို၊ ဣသရေလ အမျိုးသား တို့ထဲက ရွေးယူ ၍၊ ပရိသတ်စည်းဝေး ရာ တဲ တော်အမှု ကို ထမ်း စေခြင်းငှါ ၊ ထာဝရဘုရား အား ပြု သောပူဇော်သက္ကာ ကဲ့သို့သင် တို့အား ငါပေး၏။
အကြောင်းမူကား၊ ထာဝရဘုရား ဒဏ်ခတ် တော်မူသောသားဦး အပေါင်း တို့ကို အဲဂုတ္တု လူတို့သည် သင်္ဂြိုဟ် ရကြ၏။ သူ တို့၏ ဘုရား များကိုလည်း ၊ ထာဝရဘုရား သည် တရား စီရင် တော်မူ၏။
သားဦး ယောက်ျား အပေါင်း တို့သည် ဘုရား အဘို့ သန့်ရှင်း ရကြ၏ဟု ထာဝရ ဘုရား၏ ပညတ္တိ ကျမ်းလာ သည်နှင့်အညီ ၊ ထာဝရ ဘုရားအား ဆက်ကပ် ပြီးမှ ၊