မြေ သည်လည်း မိမိ အသီး အနှံကိုပေး သဖြင့် ၊ သင်တို့သည် ဝ စွာစား ၍ ဘေး လွတ်လျက် နေ ရကြ လိမ့်မည်။
TSK
TSK · သုတ္တံကျမ်း။ 1:33
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
အကြင်သူ သည်ထာဝရဘုရား ကို ကြောက်ရွံ့ တတ်၏။ ထိုသူ အား နှစ်သက် ဘွယ်သောလမ်း ကို ပြ ညွှန် တော်မူမည်။
မ ကောင်းသော သိတင်း ကိုမ ကြောက် ရ။ စိတ် နှလုံး သည် ထာဝရဘုရား ကို ကိုးစား သဖြင့် တည်ကြည် တတ်၏။
သို့ဖြစ်၍ ငါ့သား တို့၊ ငါ့ စကားကို နားထောင် ကြလော့။ ငါ ၏လမ်း များကို စောင့်ရှောက် သောသူတို့သည် မင်္ဂလာ ရှိကြ၏။
ထာဝရဘုရား ကို ကြောက်ရွံ့ ခြင်းသည် အားကြီး သော ကိုးစား ရာအခွင့်ကိုဖြစ်စေတတ်၏။ သား တော်တို့ သည်လည်း ၊ ခိုလှုံ ရာအရပ်ကို ရ ကြလိမ့်မည်။
ဖြောင့်မတ် ခြင်း တရားသည်လည်း ၊ ငြိမ်သက် ခြင်းကို ပြုစု လိမ့်မည်။ ဖြောင့်မတ် ခြင်း အကျိုး မူကား၊ ထာဝရ ငြိမ်သက် ခြင်းနှင့် လုံခြုံ ခြင်းတည်း။
နူးညွတ်သော နား နှင့် ငါ့ ထံသို့ လာ ကြလော့။ နားထောင် ကြလော့။ သို့ပြုလျှင် သင် တို့၏ ဝိညာဉ် သည် အသက် ရှင်ရလိမ့်မည်။ ငါသည်လည်း ၊ သင် တို့နှင့် ထာဝရ ပဋိညာဉ် ပြု ၍၊ ဒါဝိဒ် ၌ မြဲမြံ သော ကျေးဇူးတော်ကို သင်တို့အားပေး မည်။
သင်တို့သည် စစ်တိုက် ခြင်းအကြောင်း၊ ပုန်ကန် ခြင်းအကြောင်းကို သိတင်းကြား ရသောအခါ စိုးရိမ် တုန်လှုပ်ခြင်းမ ရှိကြနှင့်။ ထိုအမှုအရာ များသည် အရင် ဖြစ် ရ မည်။ သို့သော်လည်း အဆုံး သည် အလျင်အမြန် မ ဖြစ် သေး။
ငါ့ သိုး တို့သည် ငါ့ စကား သံကိုနားထောင် ၍ ငါ့ နောက် သို့လိုက်ကြ၏။ ထိုသိုး တို့ကို ငါ သိ ၏။
ယုံကြည် ခြင်းအားဖြင့် ဘုရားသခင် ၏ တန်ခိုး တော်သည် စောင့်ရှောက် တော်မူသော သင် တို့အဘို့ ကောင်းကင် ဘုံ၌ သိုထား လျက်ရှိသောအမွေတည်း။