အာဗြံ ကလည်း ၊ ငါ တို့သည် ညီအစ်ကို ချင်းဖြစ်လျက်၊ ငါ နှင့် သင် ၌ ၎င်း၊ ငါ့ နွား ကျောင်းသားတို့နှင့် ၊ သင့် နွား ကျောင်းသားတို့၌ ၎င်း၊ ခိုက်ရန် မ ရှိ ပါစေနှင့်။
TSK
TSK · သုတ္တံကျမ်း။ 15:18
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
သူ ၏ ခြေရင်း ၌ ဝပ်တွား လျက် ၊ ကျွန်မ သခင် ၊ အပြစ် ရှိသမျှကို ကျွန်မ ခံပါမည်။ ကိုယ်တော် ၏ ကျွန် မသည် နား တော်လျှောက် ရသောအခွင့်ကိုပေး တော်မူပါ။
မုန်း သောစိတ်သည် ရန်တွေ့ ရာသို့ တိုက်တွန်း တတ်၏။ ချစ် သောစိတ် မူကား ၊ ခပ်သိမ်း သော အပြစ် တို့ကို ဖုံးအုပ် တတ်၏။
¶ ဖြည်းညှင်း သော စကား သည် စိတ် ကိုဖြေ တတ် ၏။ ကြမ်းတမ်း သောစကား မူကား ၊ အမျက် ကို နှိုးဆော် တတ်၏။
စိတ်တို သောသူ ကို မိတ်ဆွေ မ ဖွဲ့နှင့်။ အမျက် ပြင်းထန်သော သူ နှင့်အတူ မ လိုက် နှင့်။
မီးခဲ ချင်းပြုသကဲ့သို့၎င်း ၊ ထင်း သည် မီး ကို မွေး သကဲ့သို့ ၎င်း၊ ရန်တွေ့ တတ်သောသူ သည် ခိုက်ရန် မှုကို ပြုစု တတ်၏။
စိတ်ဆိုး တတ်သောသူ သည် ခိုက်ရန် မှုကို နှိုးဆော် တတ်၏။ ပြင်းထန် သောသူ သည်လည်း ၊ အလွန်အကျူး များ တတ်၏။
သူတစ်ပါးချင်းခိုက်ရန် ပြုခြင်းကို ငြိမ်းစေတတ်သောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ထိုသူ တို့သည် ဘုရားသခင် ၏သား တော်ဟု ခေါ်ဝေါ် ခြင်းကိုခံရကြလတံ့။
သို့ဖြစ်၍၊ ငါ ချစ် သော ညီအစ်ကို တို့၊ ခပ်သိမ်း သောသူ တို့သည် နားကြား ခြင်းငှာ လျင်မြန် ကြစေ။ စကား ပြောခြင်းငှာ ၎င်း ၊ အမျက်ထွက် ခြင်းငှာ ၎င်း နှေး ကြစေ။