TSK

TSK · သုတ္တံကျမ်း။ 16:18

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

သို့သော်လည်း ယေဖသ မှာ လိုက်သော စကား ကို အမ္မုန် ရှင်ဘုရင် သည် နား မ ထောင်ဘဲနေ၏။

¶ ဟာမန် သည်ဝင် လျှင် ရှင် ဘုရင်က၊ ရှင်ဘုရင်ချီးမြှောက် လို သော သူ ၌ အဘယ်သို့ ပြု သင့်သနည်းဟုမေး တော်မူလျှင် ၊ ဟာမန် က ငါ မှတပါး ၊ ရှင်ဘုရင် သာ၍ ချီးမြှောက် လိုသောသူ တစုံ တယောက်ရှိနိုင်သလောဟုစိတ်ထဲမှာ အောက်မေ့ လျက်၊

မာန ထောင်လွှား သောအခါ အရှက် ကွဲခြင်း ဖြစ် တတ်၏။ စိတ် နှိမ့်ချသောသူတို့၌ ကား ပညာ ရှိ၏။

ပျက်စီး ခြင်းအရင် ၌လူ သည် စိတ် မြင့် ခြင်း၏ နေရာ၊ ဂုဏ် အသရေအရင် ၌နှိမ့်ချ ခြင်း၏နေရာရှိ၏။

ထို ကာလ ၌ လူ တို့၏မော် သော မျက်နှာ ကို နှိမ့် ရမည်။ လူ တို့၏မာနကိုလည်း ရှုတ်ချ ရမည်။ ထာဝရဘုရား တပါးတည်း သာချီးမြှောက် ခြင်းသို့ ရောက်တော်မူလိမ့်မည်။

နောက် တဖန် သူ သည် မိမိ ဘုရား နိသရုတ် ၏ ဗိမာန် ၌ ကိုးကွယ် စဉ်တွင်၊ သား တော် အာဒြမ္မေလက် နှင့် ရှရေဇာ သည် ခမည်းတော် ကို ထား နှင့် သတ် ပြီးလျှင် ၊ အာရမနိ ပြည် သို့ ပြေး ကြ၏။ သား တော် ဧသရဟဒ္ဒုန် သည်လည်း ၊ ခမည်းတော် အရာ ၌ နန်း ထိုင်၏။

သင် သည် ကိုယ်၌ တင့်တယ် ခြင်းအသရေကြောင့် ၊ ဝါကြွား သောစိတ် ရှိလျက် ဂုဏ်ထွန်းတောက် သောကြောင့် ၊ သင် ၏ပညာ သည် ဖေါက်ပြန် လျက်ရှိလေပြီ ။ ငါသည်သင့် ကို မြေ တိုင်အောင် နှိမ့်ချ မည်။ ရှင်ဘုရင် တို့သည် သင့် ကိုကြည့်ရှု ၍ ဝမ်းမြောက်စေခြင်းငှါ ၊ သူတို့ ရှေ့မှာ သင့်ကို ငါချထားမည်။

အရှင်သားတော် ဗေလရှာဇာ ၊ ကိုယ်တော်သည် ထို အမှုအလုံးစုံ တို့ကို သိ သော်လည်း ၊ စိတ် နှလုံးကို မ နှိမ့်ချ ဘဲ၊

ထိုအလုံးအရင်း တို့ကို ပယ်ရှင်းပြီးမှ မာန စိတ် ပေါက်လျက်၊ အထောင် သောင်းမကများစွာသော လူတို့ကို လုပ်ကြံ သော်လည်း ၊ မိမိအာဏာကို မ တည် စေရ။

¶ ပေတရု က၊ ဤသူ ရှိသမျှတို့သည် ကိုယ်တော် ကြောင့် စိတ်ပျက် ကြသော်လည်း ၊ အကျွန်ုပ် သည် စိတ် အလျှင်း မပျက်ပါဟု လျှောက် လေ၏။

သင်တို့နှစ်ယောက်ကို ခေါ်ဖိတ် သောသူ က၊ ဤ သူအား နေရာ ကိုပေး လော့ဟုလာ ၍ ပြော လိမ့်မည်။ ထိုအခါ သင်သည် ရှက်ကြောက် ခြင်းနှင့် နိမ့် သောနေရာ သို့ ဆင်း ရလိမ့်မည်။