TSK

TSK · သုတ္တံကျမ်း။ 2:21

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ထိုသို့ ထာဝရဘုရား သည် ယောဘ ၏ ရှေ့ဖြစ်ဟန် ကို ကောင်းကြီးပေးတော်မူသည်ထက် ၊ နောက်ဖြစ်ဟန် ကိုသာ၍ကောင်းကြီး ပေးတော်မူသဖြင့် ၊ သူသည် သိုး တသောင်း လေးထောင်၊ ကုလားအုပ် ခြောက် ထောင် ၊ နွားယှဉ် တထောင် ၊ မြည်းမ တထောင် ကို ရ တတ်၏။

ပြစ်မှား သောသူတို့သည် ပယ်ရှင်း ခြင်းကိုခံရကြ လိမ့်မည်။ ထာဝရဘုရား ကို မြော်လင့် သောသူတို့မူကား ၊ ပြည် တော်ကို အမွေ ခံရကြလိမ့်မည်။

ဖြောင့်မတ် သောသူတို့၏ နေ့ရက် ကာလကို ထာဝရဘုရား သိ မှတ်တော်မူ၍ ၊ သူ တို့၏ အမွေ ဥစ္စာသည်အစဉ် အမြဲတည် လိမ့်မည်။

ဖြောင့်မတ် သောသူတို့သည် ပြည် တော်ကို အမွေ ခံ၍ အစဉ် အမြဲနေ ရကြလိမ့်မည်။

သဘောဖြောင့် သောသူတို့ အဘို့ ၊ မှောင်မိုက် ထဲ မှာ အလင်း ပေါ်ထွန်း တတ်၏။ ထိုသို့သောသူသည် ကျေးဇူး ပြုတတ်သော သဘောနှင့် သနား စုံမက်တတ် သော သဘောရှိ၍ ၊ တရား သဖြင့် ပြုတတ်၏။