TSK

TSK · သုတ္တံကျမ်း။ 22:5

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် နောက်တဖန် ဤ လူမျိုး တို့ကို သင် တို့ရှေ့ မှ နှင်ထုတ် တော်မ မူ။ သင် တို့၏ဘုရား သခင်ထာဝရဘုရား ပေး တော်မူ၍ ကောင်းမွန် သော ဤပြည် ၌ သင် တို့သည် မပျောက် မပျက်မှီတိုင်အောင် သူတို့သည် သင် တို့၌ ကျော့ကွင်း ၊ ထောင်ချောက် ၊ သင်တို့နံစောင် ၌ နှင်တံ ၊ သင် တို့မျက်စိ ၌ ဆူး ဖြစ် ကြလိမ့်မည်အကြောင်း ကို ဧကန် အမှန် သိမှတ် ကြလော့။

မတရား သောသူတို့အပေါ် မှာ တောက်သော မီးခဲ၊ ကန့် နှင့် ရောသောမီးလျှံ ၊ ပူလောင် သော မုန်တိုင်း ကို သက်ရောက် စေ၍ ၊ သူ တို့သောက် စရာဘို့ စီရင်တော်မူ မည်။

¶ အမြင့်ဆုံး သော ဘုရား၏ကွယ်ကာ ရာဌာန တော်၌ နေ သောသူသည် အနန္တ တန်ခိုးရှင်၏ အရိပ် ကို ခို ရလိမ့်မည်။

မိမိ နှုတ် ကိုစောင့် သောသူသည် မိမိ အသက် ကို စောင့် ၏။ မိမိ နှုတ် ကို ကျယ်ကျယ် ဖွင့်သောသူမူကား၊ ပျက်စီး ခြင်းသို့ရောက်တတ်၏။

ပျင်းရိ သောသူသွားရာ လမ်း ၌ ဆူး ပင်ဆီး ကာ လျက် ရှိ၏။ ဖြောင့်မတ် သောသူ သွား ရာလမ်းမူကား ၊ မို့ မောက်လျက်ရှိ၏။

ပညတ် တရားကို စောင့် သောသူသည် မိမိ အသက် ဝိညာဉ်ကို စောင့် ရာရောက်၏။ မိမိ သွားရာလမ်း တို့ကို မထီလေးစား ပြုသောသူမူကား၊ အသေ ခံရ၏။

ချစ်သူ တို့၊ သင် တို့သည် မိမိ တို့အလွန် သန့်ရှင်းသော ယုံကြည် ခြင်းအပေါ်မှာမိမိ တို့ကို တည်ဆောက် လျက်၊ သန့်ရှင်း သောဝိညာဉ် တော်အားဖြင့် ဆုတောင်း ပဌနာပြုလျက်၊