TSK

TSK · သုတ္တံကျမ်း။ 27:21

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

တဖန် ဖိလိတ္တိ မင်း တို့သည် ချီ သွားကြ၏။ ချီသွားကြသည်နောက် ဒါဝိဒ် သည် ရှောလု ၏ ကျွန် အပေါင်း တို့ထက် သာ၍သတိ ပညာနှင့် ပြုမူသဖြင့် အလွန် ဂုဏ်အသရေနှင့် ပြည့်စုံ၏။

ထိုသို့စီရင် တော်မူခြင်းကိုခံ အံ့သောငှါ ၊ ရှင်ဘုရင် ထံ တော်သို့လာ သော ဣသရေလ အမျိုးသားအပေါင်း တို့အား အဗရှလုံ ပြု ၍ သူတို့စိတ် နှလုံးကို ခိုး လေ၏။

ထာဝရဘုရား မိန့် တော်မူချက်တို့သည် သန့်ရှင်း ခြင်းရှိ၍၊ မြေ နှင့် ကင်းစင် စေခြင်းငှါ၊ မိုက် ၌ ခုနစ် ကြိမ် စစ် သော ငွေ ကဲ့သို့ဖြစ်ကြ၏။

ငွေ စစ်စရာဘို့ မိုက် ကို၎င်း ၊ ရွှေ စစ်စရာဘို့ မီးဖို ကို ၎င်း သုံးတတ်၏။ စိတ် နှလုံးကိုကား ၊ ထာဝရဘုရား စစ် တော်မူ၏။

ငွေ ကို ချွတ် ၍ သန့်ရှင်း စေသောသူကဲ့သို့ထိုင် လျက် ရွှေ ငွေ ကို ချွတ်သကဲ့သို့ ၊ လေဝိ သား တို့ကို ချွတ် ၍ သန့်ရှင်း စေတော်မူသဖြင့်၊ သူတို့သည် ထာဝရဘုရား အဘို့ ဖြစ် ၍ ဖြောင့်မတ် ခြင်းပူဇော် သက္ကာကို ပူဇော် ကြ လိမ့်မည်။

ချစ်သူ တို့၊ သင် တို့ကို စုံစမ်း စရာဘို့ ယခုခံရသော မီး စစ်ခြင်းအရာကိုကား၊ သင် တို့၌ အံ့ဩဘွယ် သောအရာဖြစ်သည်ဟု ထင်မှတ်၍၊ အံ့ဩ ခြင်းမ ရှိကြနှင့်။