TSK

TSK · သုတ္တံကျမ်း။ 28:14

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

အဲဂုတ္တု အမျိုးသားဝိဇ္ဇာဆရာ တို့လည်း ဝိဇ္ဇာအတတ် အားဖြင့် ထိုအတူ ပြု ကြ၏။ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ဖါရော ဘုရင်သည် နှလုံး ခိုင်မာ ၍ သူ တို့၏စကားကို နား မ ထောင်ဘဲနေ၏။

အဲဂုတ္တု လူများ၊ ဖာရော ဘုရင်၌ပါသောမြင်း ၊ ရထား ၊ မြင်းစီးသူရဲ အပေါင်း တို့သည်၊ ပင်လယ် အလယ် သို့ လိုက် ဝင် ကြ၏။

ကြောက်ရွံ့ သောစိတ်နှင့် ထာဝရ ဘုရား၏ အမှုတော် ကို ထမ်းရွက် ၍ ၊ တုန်လှုပ် ခြင်းနှင့် ဝမ်းမြောက် ကြလော့။

ယနေ့ တွင် သင်တို့သည် ဗျာဒိတ်တော် အသံ ကို ကြား လျက် ခိုင်မာ သော စိတ် နှလုံးမ ရှိကြနှင့်။

အပြစ် ထင်ရှားသောသူတို့ ကို ငြူစူ သောစိတ် မ ရှိစေနှင့်။ တနေ့လုံး ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘော ရှိစေလော့။

အဓမ္မ လူသည် အကြိမ်တရာ တိုင်အောင်အဓမ္မ အမှုကိုပြု ၍ ၊ အသက် တာရှည်သော်လည်း ၊ ဘုရား သခင်ကို ကြောက်ရွံ့ သောသူတို့သည် ရှေ့ တော်၌ ကြောက်ရွံ့ သောကြောင့် ၊ ကောင်း သောအကျိုးကိုခံရ ကြမည်ဟု ငါ အမှန် သိ ၏။

သူ တို့ကို မ စွန့်ပစ် ဘဲ အစဉ်ကျေးဇူး ပြုခြင်းငှါ ၊ သူ တို့၌ ထာဝရ ပဋိညာဉ် ကို ငါထား မည်။ သူတို့သည်လည်း ငါ့ ထံ မှ မ ထွက်မသွား မည်အကြောင်း၊ ငါ့ ကိုကြောက်ရွံ့ သော သဘော နှင့် ပြည့်စုံ စေမည်။

မယုံကြည် သောစိတ်ရှိသောကြောင့် သူတို့ ကိုချိုးဖဲ့ သည်ဖြစ်၍၊ သင် သည်ယုံကြည် ခြင်းအားဖြင့်သာ တည် ၏။ မာန စိတ် မ ရှိစေနှင့်။ ကြောက် ခြင်းစိတ်ရှိစေလော့။

လူမျက်နှာကိုမ ငဲ့၊ ခပ်သိမ်းသောသူ တို့၏ အကျင့် အတိုင်း စီရင် တော်မူသောခမည်းတော် ကို သင်တို့သည် ဆုတောင်း ကိုးကွယ်လျှင် ၊ ဧည့်သည် ဖြစ် စဉ် ကာလ ပတ်လုံးကြောက်ရွံ့ သောစိတ်နှင့် ကျင့် နေကြ လော့။