TSK

TSK · သုတ္တံကျမ်း။ 28:17

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

အကြင်သူသည် လူ ၏အသွေး ကိုသွန်း ၏။ ထိုသူ ၏အသွေး ကို လူ လက်ဖြင့် သွန်း ရမည်။ အကြောင်းမူကား ဘုရား သခင်သည် မိမိပုံသဏ္ဍာန် နှင့်အညီ လူ ကို ဖန်ဆင်း တော်မူ၏။

ခါနာန် ပြည် ၌ မှီခို ရာမြို့ သုံး မြို့၊ ပေါင်းခြောက် မြို့ တို့ကို ရွေးထားရမည်။

ထိုအခါ ကင်းစောင့် လုလင် သည် မြော် ကြည့် ၍ ၊ မိမိ နောက် ၌ တောင် ခြေရင်း လမ်း မှာ လူ များ လာ သည်ကို မြင် ၏။

¶ ယွာဘ သည် ထာဝရဘုရား ၏ တဲ တော်သို့ ပြေး ပါပြီ။ ယဇ် ပလ္လင်အနား မှာရှိပါသည်ဟု ရှောလမုန် မင်းကြီး အား လျှောက် သောအခါ ၊ ယွာဘ ကို လုပ်ကြံ လော့ဟု ယောယဒ သား ဗေနာယ ကို စေလွှတ် တော်မူ၏။

¶ ယေဇဗေလ အမှုမှာ ထာဝရဘုရား မိန့် တော်မူသည် ကား၊ ယေဇရေလ မြို့ရိုး နား မှာ ခွေး တို့သည် ယေဇဗေလ ကို စား ကြလိမ့်မည်။

လူများတို့သည် သူ့ ကို မကောင်းသော အကြံနှင့် တိုင်ပင် ၍ ၊ ရှင်ဘုရင် အမိန့် တော်နှင့် ဗိမာန် တော်အတွင်း ၌ ကျောက်ခဲ နှင့် ပစ် ၍ သတ်ကြ၏။

ထိုလူရိုင်း တို့သည်မြင် လျှင်၊ ဤ လူ ကား၊ လူ အသက်ကို သတ်သောသူ အမှန် ဖြစ် ၏။ ပင်လယ် ဘေးမှ လွတ် သော်လည်း၊ အသက် ရှင်စေခြင်းငှာတရား သည် အခွင့် မ ပေးဟု အချင်းချင်း ဆို ကြ၏။