TSK

TSK · သုတ္တံကျမ်း။ 29:18

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ထိုသို့ အာရုန် သည် လူ များကို ရန်သူတို့ ရှေ့မှောက်၌ အဝတ်တန်ဆာကို ချွတ် စေသည်ဖြစ်၍ ၊ အဝတ်တန်ဆာအချည်းစည်း ရှိကြကြောင်း ကို မောရှေ မြင် သောအခါ၊

ယုဒ ရှင်ဘုရင် အာခတ် ကြောင့် ထာဝရဘုရား သည် ယုဒ ပြည်ကို အလွန်နှိမ့်ချ ၏။ ထိုမင်းသည် ယုဒပြည် ၏အဝတ်တန်ဆာကိုချွတ် ၍ ၊ ထာဝရဘုရား ကို ကြမ်းတမ်း စွာ ပြစ်မှား၏။

တရား တော်အားဖြင့် ကိုယ်တော် ၏ ကျွန် သည် သတိရ၍၊ တရား စောင့် ခြင်းအကျိုး သည် ကြီး လှပါ၏။

¶ ထာဝရဘုရား ၏ တရား လမ်း ၌ မ လွဲမတိမ်း၊ လိုက်သွား သောသူတို့ သည် မင်္ဂလာ ရှိကြ၏။

ပညတ် တရားကို စောင့် သောသူသည် မိမိ အသက် ဝိညာဉ်ကို စောင့် ရာရောက်၏။ မိမိ သွားရာလမ်း တို့ကို မထီလေးစား ပြုသောသူမူကား၊ အသေ ခံရ၏။

အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ မွတ်သိပ် ခြင်းဘေးကို တပြည်လုံး ၌ ငါဖြစ် စေသောကာလ ရောက် လိမ့်မည်။ အစာ ခေါင်းပါး၍ မွတ်သိပ် ခြင်းဘေးမ ဟုတ်၊ ရေ ငတ် ခြင်းဘေးလည်း မ ဟုတ်၊ ထာဝရဘုရား ၏ အမိန့် တော်ကို မ ကြား ရသောမွတ်သိပ်ခြင်းဘေးဖြစ်လိမ့်မည်။

¶ ကိုယ်တော် က၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို နာ ၍ ကျင့်စောင့် သောသူ သည်မြတ်စွာ သော မင်္ဂလာ ရှိသည် ဟု မိန့် တော်မူ၏။

ငါ့ ပညတ် တို့ကိုရ ၍ စောင့်ရှောက် သောသူ သည် ငါ့ ကိုချစ် သောသူ ဖြစ် ၏။ ငါ့ ကိုချစ် သောသူ ကို ငါ့ ခမည်းတော် သည်ချစ် တော်မူမည်။ ငါ သည်လည်း ထိုသူ ကိုချစ် ၍ သူ့ အားကိုယ်တိုင် ထင်ရှား မည် ဟု မိန့် တော်မူ၏။

လွှတ် ခြင်းနှင့် စပ်ဆိုင် ၍စုံလင် သောတရား ၌ စေ့စေ့ကြည့်ရှု ၍ တည်ကြည်သောသူမူကား၊ တရားနာ ၍ မေ့လျော့ သောသူမ ဟုတ်၊ အကျင့် ကျင့် သောသူဖြစ် သဖြင့်၊ မိမိ ကျင့် သောအကျင့်၌ မင်္ဂလာ ရှိသောသူ ဖြစ် ၏။