အဲဂုတ္တု လူတို့သည် သင့် ကိုမြင် သောအခါ ၊ ဤ မိန်းမသည် သူ ၏မယား ဖြစ်၏ဟုဆို လျက် ၊ ငါ့ ကိုသတ် ၍ သင့် ကို အသက် ချမ်းသာပေးလိမ့်မည်။
TSK
TSK · သုတ္တံကျမ်း။ 29:25
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
အာဗြဟံ က၊ ဤ အရပ် သားတို့သည် ဘုရားသခင် ကို မ ကြောက် ၊ အကျွန်ုပ် ၏မယား အတွက် အကျွန်ုပ် ကို သတ် ကြလိမ့်မည်ဟု အကျွန်ုပ်ထင်သောကြောင့်၊ ထိုသို့ပြုမိ ပါပြီ။
အာရုန် က၊ သခင် ၊ အမျက် မ ထွက် ပါနှင့်။ ဤလူ တို့သည် မကောင်း သော အကြံရှိကြောင်းကို ကိုယ်တော်သိ ပါ၏။
သူက၊ မ သုံး ဘူးသော ကြိုး သစ် နှင့် ကျပ်ကျပ်ချည်နှောင် လျှင် ငါ၌ ခွန်အား လျော့၍ အခြား သော သူ ကဲ့သို့ ငါဖြစ် လိမ့်မည်ဟု ပြောဆို သည်အတိုင်း၊
ရူးသွပ်ဟန်ဆောင်၍ သူ တို့ရှေ့ မှာ အရူး ကဲ့သို့ပြုလျက် ၊ တံခါးရွက် ပေါ် ၌ ရေးသား ၍ မိမိ တံထွေး ကို မုတ်ဆိတ် တွင် ယို စေ၏။
ထိုသို့ ဒါဝိဒ် ပြု ပြီဟု ဂါသ မြို့သို့ လာ၍ သိတင်းကြား ပြောမည့်သူမ ရှိစေခြင်းငှါ ယောက်ျား မိန်းမ တစုံတယောက်ကိုမျှ အသက် ချမ်းသာမ ပေး။ ဒါဝိဒ်သည် ဖိလိတ္တိ ပြည် ၌ နေ သော ကာလ ပတ်လုံး ထိုသို့ ပြုလေ့ရှိ၏။
စစ်တိုက် သောအခါ ဘုရားသခင် ကို ကိုးစား ၍ ဆုတောင်း သောကြောင့် ၊ ဘုရားသခင် မစ တော်မူ ခြင်းကျေးဇူးအားဖြင့်၊ ဟာဂရ လူတို့နှင့် သူ တို့ဥစ္စာ ရှိသမျှ ကိုရ ကြ၏။
သူသည် ငါ့ ကို ချစ် သောကြောင့် ၊ သူ့ ကို ငါကယ်နှုတ် မည်။ ငါ ၏နာမ ကို သိ သောကြောင့် ၊ သူ့ ကို ငါချီးမြှောက် မည်။
¶ ထာဝရဘုရား ကို ခိုလှုံ သောသူတို့ သည် မ တုန် မလှုပ်၊ အစဉ်အမြဲ တည် သော ဇိအုန် တောင် ကဲ့သို့ ဖြစ်ကြ ၏။
ထာဝရဘုရား ၏နာမတော် သည် ခိုင်ခံ့ သော ရဲတိုက် ဖြစ်၍၊ ဖြောင့်မတ် သောသူတို့သည် ပြေး ဝင်သဖြင့် ၊ လုံခြုံ စွာနေရကြ၏။
ဘုရား သခင်၏ စကား တော်ရှိသမျှ သည် စင်ကြယ် ၏။ ခိုလှုံ သောသူအပေါင်းတို့၌ ဘုရား သခင်သည် အကွယ် အကာဖြစ်တော်မူ၏။
သင်သည် သစ္စာပျက် သည်တိုင်အောင် ၎င်း၊ ငါ့ ကို မေ့လျော့ ၍ သတိ မ ပြုဘဲ နေသည်တိုင်အောင်၎င်း၊ အဘယ်သူ ကို ကြောက်ရွံ့ သနည်း။ ငါသည် ရှေး ကာလမှ စ၍တိတ်ဆိတ် စွာနေသောကြောင့် ၊ သင်သည် ငါ့ ကို မ ကြောက် ဘဲနေသည်မဟုတ်လော။
ထိုအခါ ရှင် ဘုရင်သည် အလွန် ဝမ်းမြောက် ၍ ၊ ဒံယေလ ကို တွင်း ထဲက ထုတ် ယူစေဟု အမိန့် တော်ရှိသည် အတိုင်း ဒံယေလ ကို တွင်း ထဲက ထုတ် ယူ၍ ၊ ဘုရား သခင်ကို ယုံကြည် သောကြောင့် သူ ၌ ထိခိုက် သောအနာတခုမျှ မ ရှိ ။
¶ ကိုယ်တော် ကလည်း ၊ ကောင်းကင် ဘုံ၌ရှိတော်မူသော ငါ ၏ခမည်းတော် စိုက် တော်မ မူသောအပင် ရှိသမျှ တို့ကို နှုတ် ရလိမ့်မည်။
ငါ့ အဆွေ တို့၊ သင် တို့အား ငါဆို သည်ကား၊ ကိုယ်ခန္ဓာ ကိုသတ် ၍ နောက်တစ်ဖန်အလျှင်း မ ပြု နိုင်သော သူတို့ ကို မ ကြောက် ကြနှင့်။
ဤသို့ ပြော သည်အကြောင်း ကား၊ ယေရှုသည် ခရစ်တော် ဖြစ်သည်ဟု ဝန်ခံ သောသူ မည်သည်ကို တရားစရပ် မှနှင်ထုတ်ရ မည်ဟု ယုဒ လူတို့သည် တိုင်ပင် စီရင်ကြနှင့် ပြီ။
ထိုအခါ မှစ၍ ပိလတ် မင်းသည် ကိုယ်တော် ကိုလွှတ် ခြင်းငှာရှာကြံ လေ၏။ ယုဒ လူတို့ကလည်း ၊ ထို သူကို လွှတ် လျှင် ကိုယ်တော်သည် ကဲသာ ဘုရင်၏အဆွေ မ ဟုတ် ပါ။ ရှင်ဘုရင် လုပ် သောသူ မည်သည်ကား ၊ ကဲသာ ဘုရင်၏ရန်သူ ဖြစ်ပါသည်ဟု လျှောက် ကြ၏။
ပဌမ အချိန်၌ အပြစ်တင် ခွင့်ကိုဖြေ၍ ငါ သည် အစီရင်ခံရသောအခါ၊ ငါ့ ဘက် ၌ အဘယ်သူ မျှမနေ။ လူအပေါင်း တို့သည် ငါ့ ကို စွန့်ပစ် ကြ၏။