TSK

TSK · သုတ္တံကျမ်း။ 3:10

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

သင် တို့နှင့် ရော၍ အဘို့မ ရှိ၊ အမွေ ကို မခံရသော လေဝိ သား၊ သင် တို့နေရာ အရပ်၌ ရှိသော တပါး အမျိုးသား၊ မိဘ မရှိသော သူငယ်၊ မုတ်ဆိုးမ များတို့သည် လာ ၍ ဝ စွာစား ရကြမည်။ သို့ဖြစ်လျှင် သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ သင် တို့ပြု လေရာရာ ၌ ကောင်းကြီး ပေးတော်မူမည်။

ဇာဒုတ် အမျိုး ၊ ယဇ်ပုရောဟိတ် အကြီး အာဇရိ က၊ ပူဇော် သက္ကာတို့ကို၊ ဗိမာန် တော်သို့ ဆောင် ခဲ့စ ပြုသော နောက်၊ အကျွန်ုပ်တို့ စားလောက်အောင်ရှိသည်သာမက များစွာကျန်ကြွင်း တတ်ပါ၏။ ထာဝရဘုရား သည် မိမိ လူ တို့ကို ကောင်းကြီး ပေးတော်မူသောကြောင့် ၊ ပုံထား သောဤ ဥစ္စာ များသည် ကျန်ကြွင်း လျက်ရှိပါသည်ဟု လျှောက်ကြ၏။

ဆင်းရဲ သားကို သနား သောသူသည် ထာဝရ ဘုရား အား ချေးငှါး သောသူဖြစ်၍ ၊ သူ ပြုသောအမှု ၏ အကျိုးကိုဆပ် ပေးတော်မူလိမ့်မည်။

¶ သင် ၏အစာ ကို ရေ ပေါ် မှာပစ် ချလော့။ ကာလ ကြာမြင့် မှ တဖန်တွေ့ လေဦးမည်။

စပါး ကျီ၌ စပါး ရှိသလော။ မရှိ။ စပျစ် ပင်၊ သင်္ဘောသဖန်း ပင်၊ သလဲ ပင်၊ သံလွင် ပင် တို့သည် အသီး ကို မ သီးကြသေး။ သို့သော်လည်း၊ ယနေ့ မှစ၍ သင်တို့ကို ငါကောင်းကြီး ပေးမည်ဟု မိန့်တော်မူ၏။

အကြင်သူ သည် တပည့် တော်၏ မျက်နှာ ကိုထောက်၍ဤ သူငယ် တစ်စုံတစ်ယောက်အား ရေ တစ်ခွက် ကို မျှ ပေး ၏။ ထိုသူသည် အကျိုး ကို မရဘဲမ နေရာ၊ ငါ အမှန် ဆိုသည် ဟု မှာထားတော်မူ၏။