TSK

TSK · သုတ္တံကျမ်း။ 30:14

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

မ တရားသောသူ၏အစွယ် တို့ကို ငါချိုး ၍ ၊ သူ လုယူ ကိုက်စားသော အရာကိုနှုတ် ၏။

အိုထာဝရဘုရား ထ တော်မူပါ။ အကျွန်ုပ် ၏ ဘုရား သခင်၊ အကျွန်ုပ် ကို ကယ်မ တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ် ၏ ရန်သူ တို့၏ ပါး ရိုးကိုရိုက် ၍၊ မတရား သောသူတို့၏ သွား ကိုချိုး တော်မူ၏။

ဆင်းရဲ သောသူသည် ခံရသောညှဉ်းဆဲ ခြင်း၊ ငတ်မွတ် သောသူ၏ ငိုကြွေး ခြင်းကြောင့် ယခု ငါထ မည်။ ကဲ့ရဲ့ ခြင်းကိုခံရသောသူ အား ချမ်းသာ ပေးမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

သင် ၏လျှာ သည် ထက် သောသင်တုန်း ကဲ့သို့ လှည့်စား သဖြင့်၊ သူ့အကျိုး ကို ဖျက်ခြင်းအမှု ကို ပြုစု တတ်၏။

အိုဘုရား သခင်၊ ကောင်းကင် မြင့်သည်ထက် ကိုယ်တော် ကြီး မြင့်တော်မူစေသတည်း။ မြေကြီး တပြင်လုံး ကို ဘုန်း တော်လွှမ်းမိုး ပါစေသတည်း။

သန်လျက် နှင့်ထိုး သကဲ့သို့ စကား ပြောတတ် သော လူတချို့ရှိ ၏။ ပညာရှိ တို့၏ လျှာ မူကား အနာ ကို ပင် ပျောက်စေတတ်၏။

ဆင်းရဲ သားတို့ကို ညှဉ်းဆဲ သော ဆင်းရဲ သားသည် အဘယ်စားစရာ မျှ မ ကြွင်းစေဘဲ၊ သုတ်သင် ပယ်ရှင်း သော မိုဃ်း ရေနှင့်တူ၏။

ငါ ၏လူ တို့ကို အဘယ်ကြောင့် နှိပ်စက် ကြသနည်း။ ဆင်းရဲ သားတို့၏မျက်နှာ ကို အဘယ်ကြောင့်ကြိတ် ကြသနည်းဟု ကောင်းကင်ဗိုလ်ခြေ သခင် အရှင် ထာဝရ ဘုရား မိန့် တော်မူ၏။

စေးနှဲ သောသူ သုံးဆောင်ရာ တန်ဆာ သည် လည်း ဆိုး လှ၏။ ဆင်းရဲ ငတ်မွတ်သောသူ၏ အမှု သည် မှန် သော်လည်း ၊ ထိုသို့သောသူ ကို မုသာ စကား အားဖြင့် ဖျက်ဆီး ခြင်းငှါ ၊ မကောင်း သောအကြံကိုသာ ကြံ တတ်၏။

သင်တို့သည် သိုးနို့ ကို စား ကြ၏။ သိုးမွေး ကို ဝတ် ကြ၏။ ဆူဖြိုး သော သိုးတို့ကိုလည်း သတ် ကြ၏။ သို့ရာတွင်၊ သိုး တို့ကို မ ကျွေးမွေး ပါတကား။

ဆင်းရဲ သောသူတို့ ၏ခေါင်း ကို မြေမှုန့် နှင့် ဖုံးလွှမ်းစေခြင်းငှါအလွန်အလိုကြီး၍၊ နှိမ့်ချ သောသူကို မတရားသဖြင့် စီရင်သောအပြစ်၊ ငါ ၏နာမ မြတ် ကို ရှုတ်ချ ခြင်းငှါ အဘ နှင့် သား သည် တဦးတည်းသောမိန်းမ ကို ပေါင်းဘော်သောအပြစ်၊

ငါတို့သည် စပါး ကို ရောင်း အံ့သောငှါလဆန်း နေ့လွန် ပါစေ၊ ဂျုံ ကို ရောင်း အံ့သောငှါ ဥပုသ် နေ့လွန်ပါစေဟု ဆို လျက်၊

¶ ငါဆို သည်ကား၊ အိုယာကုပ် အမျိုးမင်း ၊ ဣသရေလ အမျိုး သူကြီး တို့၊ နားထောင် ကြပါလော့။ သင် တို့သည် တရား သဖြင့် စီရင်ခြင်းအမှုကို နားလည် အပ်သည် မ ဟုတ်လော။

ဗိုလ် မင်းတို့၏ ဦးခေါင်း ကို မြှား တော်တို့နှင့် ထုတ်ချင်းခပ် ထိုးတော်မူ၏။ ထိုသူတို့သည် အကျွန်ုပ် တို့ကို လွင့် စေခြင်းငှါ လေပြင်း မုန်တိုင်းကဲ့သို့တိုက်ကြပါ၏။ ဆင်းရဲသား တို့ကို အမှတ်တမဲ့ ကိုက်စား မည့်အကြံရှိသကဲ့သို့ ဝမ်းမြောက် ကြပါ၏။

လျှို့ဝှက် သောကျမ်းပြု ဆရာ၊ ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ကောင်းကင် နိုင်ငံ တော်၏ တံခါးကိုလူတို့ ရှေ့ မှာပိတ် ထား၍ မိမိ တို့လည်းမ ဝင် ၊ ဝင် လိုသောသူ တို့ကိုလည်း ဆီးတား ကြ၏။

ဆံပင် သည်မိန်းမ ဆံပင် ကဲ့သို့ ဖြစ် ၏။ သွား သည်လည်း ခြင်္သေ့ သွားကဲ့သို့ ဖြစ် ၏။