TSK

TSK · သုတ္တံကျမ်း။ 30:4

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ယာကုပ် ကလည်း ၊ နာမ တော်ကား အဘယ်သို့နည်း။ အကျွန်ုပ်အား ဘော်ပြ တော်မူပါဟု မေးလျှောက် လျှင် ၊ ငါ့ နာမ ကို အဘယ်ကြောင့် မေး သနည်းဟု ဆို ၍ ၊ ထို အရပ်၌ ကောင်းကြီး ပေးတော်မူ၏။

ငါသည် အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ၊ အနန္တ တန်ခိုးရှင်၊ ဘုရား သခင်နာမနှင့် ထင်ရှား သော်လည်း ၊ ထာဝရဘုရား နာမ အားဖြင့်သူ တို့သည် ငါ့ကို မ သိ ကြ။

သင် ၏ဘုရားသခင် ထာဝရဘုရား သည် ဘုန်းကြီး ၍ ကြောက်မက် ဘွယ်သော နာမ တော်ကို ကြောက် စေခြင်းငှာ ၊ ဤ ကျမ်းစာ ၌ ရေး ထားသော ဤ တရား တော်စကား အလုံးစုံ တို့ကို သင်သည် မ ကျင့် မစောင့်ဘဲ နေလျှင်၊

ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ အံ့ဩ ဘွယ်ဖြစ်သော ငါ့ အမည် ကို အဘယ်ကြောင့် မေး သနည်းဟု ဆို ၏။

မိုဃ်းကောင်းကင် ကိုမှီသည်ဖြစ်၍သင်သည်အဘယ် သို့ပြု နိုင်သနည်း။ မရဏာ နိုင်ငံထက် နက် သည် ဖြစ်၍သင်သည်အဘယ် သို့သိ နိုင်သနည်း။

မြေကြီး အမြစ်ကို ငါ တည် သောအခါ ၊ သင်သည် အဘယ်မှာ ရှိ သနည်း။ နားလည် လျှင် ဘော်ပြ လော့။

မြေကြီး စွန်း ရှိသမျှ တို့သည် သတိရ ၍ ၊ ထာဝရဘုရား ထံ တော်သို့ ပြောင်း လဲကြလိမ့်မည်။ လူ အမျိုး အနွယ် အပေါင်း တို့သည် ရှေ့ တော်၌ ကိုးကွယ် ကြလိမ့်မည်။

ကိုယ်တော်သည် မြင့် သောအရပ်သို့ တက် ကြွတော်မူသဖြင့်၊ များစွာသောသူတို့ ကို ဘမ်း သွားတော်မူ၍၊ ထာဝရ အရှင် ဘုရား သခင်သည် လူတို့တွင် ကျိန်းဝပ် တော်မူမည်အကြောင်း ၊ လူတို့အဘို့မက၊ ပုန်ကန် သော လူ တို့အဘို့ ဆုလပ် များကို ခံရ တော်မူပြီ။

ထိုကြောင့်၊ ထာဝရ ဘုရားသည် ကိုယ်တော် တိုင် နိမိတ် လက္ခဏာကို သင် တို့အား ပေး တော်မူမည်။ ကြည့်ရှု လော့။ သတို့သမီးကညာ သည် ပဋိသန္ဓေ စွဲယူ၍ ၊ သား ယောက်ျားကို ဘွားမြင် လတံ့။ ထိုသား ကို ဧမာနွေလ အမည် ဖြင့် မှည့် ရလတံ့။

ရေ များကို လက် ဆွန်းဖြင့် ခြင် သောသူ၊ မိုဃ်း ကောင်းကင် ကို မိမိလက်ဖြင့် ထွာ သောသူ၊ မြေ မှုန့်ကို တင်းတောင်း ဖြင့် ချင့် တွက်သောသူ၊ တောင် ကြီးကို ချိန်ခွင် ဖြင့် ၎င်း၊ တောင် ငယ်ကို ကပ်ပယ် ဖြင့်၎င်း ချိန် သောသူကား အဘယ်သူ နည်း။

ထိုမင်း လက်ထက် ၌ ယုဒ ပြည်သည် ကယ်တင် ခြင်းသို့ရောက်၍ ၊ ဣသရေလ ပြည်လည်း ငြိမ်ဝပ် စွာ နေ ရ လိမ့်မည်။ ထို မင်းသည် ယေဟောဝါ ဇေဒကနု ဟူသော ဘွဲ့ နာမရှိ လိမ့်သတည်း။

ငါ ၏ခမည်းတော် သည် ခပ်သိမ်း သောအရာတို့ကို ငါ ၌အပ်ပေး တော်မူပြီး။ ခမည်းတော် မှတစ်ပါး အဘယ်သူ မျှသား တော်ကိုမ သိ ။ သား တော်နှင့် သား တော်သည် လင်း စေလို သော သူ မှတစ်ပါး အဘယ်သူ မျှခမည်းတော် ကိုမ သိ ။

ကောင်းကင် ဘုံက ဆင်းသက် ၍ ကောင်းကင်ဘုံ၌ရှိနေသော လူ သား မှတစ်ပါး အဘယ်သူ မျှကောင်းကင် ဘုံသို့ မ တက် ပြီ။

ထိုသို့ နှင့်အညီကျမ်းစာ၌လာသည်ကား၊ မြင့် သောအရပ်သို့ တက်ကြွ တော်မူသဖြင့်၊ များစွာသော သူတို့ကို ဘမ်း သွားတော်မူ၍၊ လူ တို့အား ဆုလာဒ် များကို ပေး တော်မူသည်ဟုလာ သတည်း။