TSK

TSK · သုတ္တံကျမ်း။ 8:17

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ထိုသို့ပြုသောကြောင့်၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့် အမျိုး ၊ သင့် အဘ ၏အမျိုး သည် ငါ့ ရှေ့ မှာအစဉ် သွား လာရလိမ့်မည်ဟု ငါဆို မိသော်လည်း၊ တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုဂတိသည် ငါ နှင့် ဝေး ပါစေ။ ငါ့ ကို ချီးမြှောက် သောသူတို့ ကို ငါချီးမြှောက် မည်။ ငါ့ ကို မထီမဲ့မြင် ပြုသောသူတို့ သည် ဂုဏ်သရေပျက် ရကြလိမ့်မည်။

ထို အမှုရောက်သောသူတို့သည် ငါ့ ကိုခေါ် သော်လည်း ငါမ ထူး။ ငါ့ ကို ကြိုးစား၍ ရှာ သော်လည်း မ တွေ့ ရကြ။

ငါသည် တိတ်ဆိတ် စွာ မ ဟော။ မြေကြီး ထဲမှာ မှောင်မိုက် သော အရပ် ၌မဟော။ သင်တို့သည် ကျေးဇူးမရှိဘဲ ငါ့ ကို ရှာ ကြလော့ဟု ယာကုပ် အမျိုး အား ငါမပြော။ ငါ သည် ဖြောင့်မတ် စွာ ပြော ၍ အတည့် အလင်းဟော တတ်သော ထာဝရဘုရား ဖြစ်၏။

ဘုရားသခင် ၏နိုင်ငံ တော်နှင့် ဖြောင့်မတ် ခြင်းတရားတော်ကို ရှေးဦးစွာ ရှာ ကြလော့။ နောက်မှ ထိုအရာ များကို ထပ် ၍ပေးတော်မူလတံ့။

ယေရှု သည်မြင် တော်မူလျှင် အမျက် တော်ထွက်၍ ၊ ထို သူငယ် တို့ကို ငါ့ ထံသို့ လာ ပါစေလေ။ မ ဆီးတား ကြနှင့်။ ဘုရားသခင် ၏နိုင်ငံ တော်သည် ထိုသို့သော သူတို့၏ နိုင်ငံဖြစ် ၏။”

ငါ့ ပညတ် တို့ကိုရ ၍ စောင့်ရှောက် သောသူ သည် ငါ့ ကိုချစ် သောသူ ဖြစ် ၏။ ငါ့ ကိုချစ် သောသူ ကို ငါ့ ခမည်းတော် သည်ချစ် တော်မူမည်။ ငါ သည်လည်း ထိုသူ ကိုချစ် ၍ သူ့ အားကိုယ်တိုင် ထင်ရှား မည် ဟု မိန့် တော်မူ၏။

အကြောင်းမူကား ၊ သင် တို့သည်ငါ့ ကိုချစ် ကြ၍ ၊ ငါ သည်ဘုရားသခင် အထံ တော်မှ ကြွလာ သည်ကို ယုံကြည် သောကြောင့် ခမည်းတော် သည် ကိုယ်တော် တိုင် သင် တို့ကိုချစ် တော်မူ၏။