ယခု လည်း သင် တို့သည် ဒါဝိဒ် ၏သား မြေး၌ ရှိသောထာဝရဘုရား ၏ နိုင်ငံ တော်ကို ဆီးတား မည်ဟု ကြံစည် ကြသည်တကား၊ သင် တို့သည် များပြား ၍ သင် တို့ဘုရား အရာ ၌၊ ယေရောဗောင် လုပ် သော ရွှေ နွားသငယ် တို့လည်း ရှိကြ၏။