သင်တို့သည် ထာဝရဘုရား ခန့်ထားတော်မူသော ယဇ်ပုရောဟိတ် ၊ အာရုန် အမျိုး နှင့် လေဝိ အမျိုးသားတို့ကိုနှင်ထုတ် ၍၊ တပါးအမျိုးသားထုံးစံအတိုင်း၊ ကိုယ် အဘို့ ယဇ် ပုရောဟိတ်တို့ကို လုပ် ကြပြီမ ဟုတ်လော။ထိုသို့နှင့်အညီ၊ နွားသငယ် တကောင်နှင့် သိုး ခုနစ် ကောင် ကိုပေး ၍၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားခြင်းကိုခံ သော သူမည်သည်ကား၊ ဘုရား မ ဟုတ်သောသူထံ မှာ ယဇ်ပုရောဟိတ် ပြု ရသည်တကား။